🐣❤️🐻

1.6K 155 3
                                    

(Unicode)

ဂျုံအင်တို့ကျောင်းကို စီနီယာအိုဆယ်ဟွန်းပြောင်းလာသည့်အချိန်မှစ၍ ဂျုံအင်တို့အဖွဲ့လေးမှာ ခါတိုင်းထက်ပင် ဆူညံလျက် စည်ကားလာသည်။

" ဂျုံအင်....ပြန်ပေးစမ်း"

" ဘာတဲ့.....ချစ်ရပါသော ဖန်ဖန်...ဆိုဘဲ"

ချန်းယောလ်လက်ထဲကနေ လုလာသောစာအုပ်ထဲမှ စာတွေကို ပြေးရင်းဖတ်ပြနေသော ဂျုံအင်ကြောင့် နောက်ကလိုက်လာသော ချန်းယောလ်က မျက်နှာကြီးနီလျက်။

စီနီယာရိဖန်နှင့် စီနီယာဆယ်ဟွန်းကတော့ ကလေးတွေကို လွှတ်ထားပေးသည်ဟူသော အထာနှင့်သာ ထိုင်နေကြရင်း စကားပြောနေကြသည်။

နေ့တိုင်းဆိုသလို ထသတ်နေကြသော ချန်းယောလ်နှင့်ဂျုံအင်အထာကို သူတို့လည်း အတော်သိနေပြီပင်။

မျက်စိရှေ့မှာ စပ်ဖြီးဖြီးလုပ်ကာ ပြေးနေသော ဂျုံအင့်ကိုကြည့်ရင်း ဆယ်ဟွန်းခမျာ ဘယ်အချိန်လဲမည်လဲဟုသာ စိုးရိမ်နေရသည်။ဘေးနားက ရိဖန်ကလည်းထို့အတူပင်။

" ရိဖန်....မင်းဟာလေးရော ဘယ်အချိန်လဲမလဲမသိဘူးကွာ"

" အေးကွာ.....နှစ်ယောက်လုံးက နမော်နမဲ့"

ပြောရင်း ခေါင်းတခါခါလုပ်နေသော ရိဖန်နှင့် အိုဆယ်ဟွန်းကို ဖြတ်ခနဲကြည့်မိသော ဂျုံအင်မှာ ရှေ့က ခဲလေးကို မမြင်ဘဲ ခလုတ်တိုက်မိတော့သည်။

ပြုတ်ကျပြီအထင်နှင့် မျက်စိမှိတ်ထားသော်လည်း အတန်ကြာသည်အထိ ဘာမှမဖြစ်သောကြောင့် အံ့သြနေသော ဂျုံအင်နီးလေးမှာ မျက်လုံးအဖွင့် တွေ့ရသော ရင်အုပ်ကျယ်ကြီးကြောင့် လန့်ဖြန့်ရသည်။

" What the hell...."

မော့ကြည့်လိုက်တော့ မြင်ရသည့် မျက်နှာချောချောကြောင့် ဂျုံအင်နီးမှာ သွေးတက်ချင်သွားသည်။စီနီယာအိုဆယ်ဟွန်း၏ ရင်ခွင်ထဲတွင် ရောက်နေသော ဂျုံအင်နီးလေးပါပင်။

" ဟိတ်....မဖယ်တော့ဘူးလား"

ဆယ်ဟွန်း၏ အမေးကြောင့်မိမိရင်ခွင်ကို တွန်းထုတ်လျက် မျက်နှာကြီးနီရဲကာ ခေါင်းငုံ့နေသော ဝက်ဝံပေါက်လေး။ သူ့သူငယ်ချင်း ချန်းယောလ်ရဲ့ ရယ်သံကြားပြန်တော့ မျက်စောင်းကလည်း လှည့်ထိုးပြန်သည်။

Romantic Boyfriend Where stories live. Discover now