အခန်း _(၆)

44.7K 5.2K 533
                                    

ရှောင်းကျန့် ပစ္စည်းတွေ ထည့်လို့ပြီးတော့ မိုးပင်လင်းနေပြီ ။ ညနေပိုင်း အိမ်က ထွက်ကြရမှာ မို့ သူ ခနတော့ အနားယူလို့ ရသေးတယ် ။

ကုတင်ပေါ် တက်လိုက်တော့ ပန်းပွင့်ပုံ ဖဲကလစ်လေးတစ်ခု ။ သေချာပေါက် ဒါ ရီပေါ်ရဲ့ကလစ်လေးဖြစ်တယ် ။

"မင်း ဘာလို့ကလစ်တွေ အဲ့လောက်တပ်နေတာလဲ "

"ကောကော သဘောကျတယ်ဆိုလို့ "

ရီပေါ်ရဲ့ တက်တက်ကြွကြွ ဖြေဆိုခဲ့သံလေးကို ပြန်လည်ကြားယောင်လာပြီး ရှောင်းကျန့် ရင်ထဲ အနည်းငယ် ဝမ်းနည်းသွားတယ် ။

"မင်းလောက်ငါ့ကို တွယ်တာမဲ့ကလေး ထပ်တွေ့ပါ့ဦးမလားပဲ "

ကလစ်လေးကို လက်ဖဝါးထဲ ဆုပ်ကိုင်လိုက်ရင်း အိပ်ယာပေါ်သူဝင်လှဲလိုက်တယ် ။ မဖြစ်နိုင်တာတွေအတွက် သူ သံယောဇဉ် မတွယ်ချင်ဘူးရယ် ။

....

ရီပေါ်  ဖခင် ရှယ်ယာ ဝင်ထားတဲ့ Company ကြီးကို ပတ်ကြည့်လိုက်တယ် ။ ကိုရီးယား ပြည်ရဲ့ စံချိန် ဆိုတဲ့အတိုင်းသားနားတဲ့ အဆောက်အဦးဟာ Decoration တွေခမ်းခမ်းနားနားနဲ့ ။

"ဟိုဘက်မှာ အဆိုတော် ကိုကိုမမတွေ ရှိတယ် သားသွားချင်လား "

"ဘာလုပ်ရမှာလဲ "

"မသွားလည်းနေကွာ "

"ပါပါးကလည်း ဒေါသကြီးပဲ "

"သားဒီမှာမပျော်ရင် မင်းမာမား နဲ့ ပြန်လိုက်သွားလိုက် ကျောင်းဖွင့်ဖို့လည်း တစ်လ ပဲလိုတော့တာမလား "

ရီပေါ် ကျောင်း ပြန်ဖွင့်မဲ့ရက်ကို တွက်ကြည့်ပေမဲ့ စိတ်ဝင်စားမှု့တော့မရှိချေ ။ ကောကော က အထက်တန်းပြီးသွားပြီပဲ ။ သူ ဘာလုပ်ရတော့မှာလဲ ။ အားး ..ကောကော စာမေးပွဲကျရင် သိပ်ကောင်းမှာပဲ ။

ဒါပေမဲ့ သူ စိတ်တော့မပူဘူး ။ ကျောင်းက ပြန်ရင် သွားသွားတွေ့လို့ရတာပဲ ။ မြို့ထဲက တက္ကသိုလ်တွေကလည်း ဝေးတာမှမဟုတ်တာ။

မြို့တစ်ခွင် နှံ့နှံ့စင် တဲ့ ရီပေါ် စိတ်ထဲ အကွာအဝေးတွေ တွက်ချက်နေမိတယ် ။

ရီပေါ် ကျောင်းဖွင့်သည့်ရက်မှပြန်လာခဲ့ပြီး သူ့စိတ်ဟာ ကောကောကို တွေ့ဖို့ရာ အတွက် အရပ်မနား တုန်လှုပ်နေခဲ့တယ် ။ အထက်တန်း ကျောင်းပြီးသွားတဲ့ကောကော ဘယ်လို ပြောင်းလဲသွားနိုင်သလဲ သူစိတ်ကူးယဉ်မိတယ် ။

Long Journey ; One Sweet Love Where stories live. Discover now