အခန်း _(၁၉)

33.6K 3.7K 208
                                    

ဓာတ်လှေကား ထဲ အရပ်ချင်းအပြိုင်နီးပါးဖြစ်နေတဲ့ ယောကျာ်းသားနှစ်ယောက် ။

ဝမ်ရီပေါ် လက်ဖျားလေးနဲ့ ရှောင်းကျန့်ကျောကိုအထက်အောက် ပွတ်သပ် နေတယ် ။

ဖရဲသီးရွေးရင် ပုတ်ကြည့်ရတယ် ။ အထဲက အသားချိုမြိန်ကြွပ်ရွလတ်ဆတ်သလား သိရအောင်လို့ ။

ကိုယ့်ရဲ့ကျန့်ကောဟာ ဖလန်းဖလန်း အရည်ရွှမ်းတဲ့ အသီးလေးမှန်း သိပြီးသားမို့စမ်းသပ်နေစရာ မလိုတော့ဘူး ။ ခက်တာက .... ရီပေါ်အဖြစ်မှာ သူများခြံထဲက အသီးကို ထိုင်ငမ်းနေရသလိုပဲ ။ ပွတ်သပ် သွားရည်ကျနေရရုံကလွဲ ခွဲစားနိုင်ဖို့လမ်းစမရှိ ။

ရီပေါ် ဒီပရက်ရှင် ဝင်သွားတယ် ။

"ကျန့်ကော "

"ဟင်"

ရှောင်းကျန့်ဟာ နောက်လှည့်ရင်း ထူးတယ် ။

"အနာက နာလာပြီ ..ကုန်းပိုးပါလား "

လက်ဆစ်က အနူပတ်တီးလေးကို ကြည့်ရင်း ရှောင်းကျန့်မျက်မှောင်ကုတ်လိုက်မိတယ် ။
အင်းပေါ့လေ ကလေးဆိုတော့နေမကောင်းချိန် ဆိုးချင် ချွဲချင်မှာပေါ့ ။

ရှောင်းကျန့် ခါးလေး ကိုင်းပေးရုံရှိသေး ခုန်တက်လိုက်တဲ့ ရီပေါ် ကြောင့် ဓာတ်လှေကား နံရံကို လက်ထောက်မိလျက်သားကုန်းကုန်းကြီး ဖြစ်သွားတယ် ။ နောက်မှာ တော့ လုံးထွေးကပ်နေတဲ့ ဝမ်ရီပေါ် ။

တိုက်ခန်း ပထမထပ်ရှိ စားသောက်ဆိုင် ရောက်တော့ ဓာတ်လှေကားဟာ ပွင့်လာခဲ့တယ် ။ တိတ်ဆိတ်သွားတဲ့ တစ်ခနတာ ။

တစ်ခနတာ ရဲ့နောက်မှာ သွေးပျက်ဖွယ်အော်သံတွေ ။

ရှောင်းကျန့် လူတွေဘာကို လန့်သွားမှန်းမသိတာမို့ ဓာတ်လှေကားများ ပြဿနာရှိလေသလားရယ်လို့ ထင်မှတ်ကာ ရီပေါ်လက်ကို ဆွဲလို့ မြန်မြန်ပြေးထွက်လိုက်တယ် ။

လက်ကလေးကနေ ဆွဲထုတ်ခံလာရတဲ့ရီပေါ်ကတော့ .....
မဟုတ်တာ လုပ်နေတုန်း လူမိသွားတဲ့မျက်နှာလေးနဲ့ ရှက်ချင်ယောင်ဆောင်နေခဲ့လေရဲ့ ။

အထင်ခံရလည်းနည်းလား ။

ငါ့ ဝမ်ဥ လေး မျက်နှာပွင့်တာပေါ့။
ဟုတ်ဘူးလား ။

Long Journey ; One Sweet Love Where stories live. Discover now