အခန်း _(၁၂)

44K 4.2K 579
                                    

"ကျန့်ကော ရေ ချစ်တယ် "

ရုံးခန်းတစ်ခုလုံး ခနတာ ငြိမ်သွားကြတယ် ။ company တစ်ခုလုံး နွေရာသီ ကြီးထဲ အနွေးထည်ထူထူ ဝတ်နေရ တဲ့ အဖြစ်အပျက်ရဲ့ ကြိုးကိုင်သူကြီး ။

နိဟောင် .. မဟုတ်ဘဲ အိုင့်နီ က ရှောင်းကျန့်အတွက် ရီပေါ်ရဲ့ သီးသန့်နှုတ်ဆက်စကားတစ်ခု ။

"ကျန့်ကော ဘာလုပ်နေတာလဲ "

ခုံတစ်ခုံကို ဆွဲလာရင်းရှောင်းကျန့်ဘေးနေရာလာယူ တဲ့ဝမ်ရီပေါ် ။

"ဖြေနိုင်ခဲ့လား "

"အင်း ..ရော့ နို့သောက်"

နို့ဘူးလေးကို ပိုက်တပ်ရင်း ရှောင်းကျန့်ပါးစပ်ထဲထိ လာထိုးတိုက်တဲ့ရီပေါ် ။

"ပေးစရာ ရှိတယ် "

စိန်ပွင့်တွေ မြှုပ်ထားတဲ့ နာရီက တန်ဖိုးနည်းလှမှာမဟုတ်မှန်းရှောင်းကျန့်ခန့်မှန်းနိုင်သည် ။

"ဖြုန်းပြန်ပြီ အဓိပ္ပါယ်မရှိတာတွေ"

ရီပေါ် ပွစိပွစိဆူနေတဲ့ ကျန့်ကော ကို နာရီလေး ဝတ်ပေးလိုက်တယ် ။

"လိုက်တယ်မလား ဒီနေ့က တရုတ်ချစ်သူများနေ့လေ ဒီနေ့ပေးရမှာပေါ့ ဟီးဟီး သူများတွေဆို ဘူးခွံလေးတောင်မရဘူး "

လက်ကိုမလွှတ်ပေးဘဲ ပွတ်သပ် ကိုင်တွယ်ကာ အသားယူနေတဲ့ရီပေါ် ဟာ ခပ်ပြုံးပြုံးလေး ။

"ငါယူမယ်လို့ မပြော ဘူး အတင်းအကျပ်မလုပ်စမ်းနဲ့ "

"ဘာလို့လဲ ကျန့်ကောကလဲ "

"ရှောင်းကျန့် ငါ့ကို background color လေး ညှိပေးဦး "

"လူကြီးတွေ စကားပြောနေတာ မြင်ဘူးလား "

ဝမ်ရီပေါ် ရဲ့ စကားအဆုံး ဌာနမှုး အန်တီကြီး က ဘေးဘီ ဝဲယာ ကိုလှည့်ုကြည့်လိုက်တယ် ။
ဒီပေါက်စနလေးက ဘယ်သူ့ကိုပြောနေတာလဲ ။

ငါတော့မဟုတ်ဘူးမလား ။

"ဝမ်ရီပေါ် "

"ကျန့်ကော ပဲပြောပြီးတော့ လူတွေ စကားပြောနေရင် ကြားဖြတ် မပြောရဘူးဆို.. အဲ့အန်တီက လာဖြတ်ပြောနေတဲ့ဟာကို ကျွန်တော်မှားလို့လား "

Long Journey ; One Sweet Love Where stories live. Discover now