အခန်း _(၉)

45.5K 4.7K 709
                                    

ရီပေါ် အညိုအမဲ ရာလေး ထင်းနေတဲ့ နဖူးကို ကြက်ဥ နဲ့ပွတ်ရင်း မိဘနှစ်ပါးကို မျက်စောင်းတွေချည်းလှိမ့်ထိုးနေမိတယ် ။

"မျက်စောင်းထပ်မထိုးနဲ့တော့နော် အငယ်ကောင် ..ဘယ့်နှယ့် မိဘတွေကို ဟော်တယ်ထဲ ထားထားခဲ့ပြီး ပြန်လာတော့ ဒါဏ်ရာနဲ့ "

"ဒါ ရန်ဖြစ် လို့ ရလာတာမှမဟုတ်ဘဲ "

ရီပေါ် က ဇက်လေး စောင်းလို့ စိတ်ပျက်လက်ပျက်မျက်နှာ နဲ့ မိဘနှစ်ပါးကို ကြည့် လိုက်တယ် ။ သားသား မိဘတွေဖြစ်ပြီး ဒါလေးတောင်မသိဘူးလား ဟင် ။

"ဆိုစမ်းပါဦး "

"ဒါ အချစ်ခြေရာလို့ ခေါ်တယ် သားက ငယ်သေးတော့ သားချစ်သူက ထိန်းထိန်းသိမ်းသိမ်းနဲ့ နဖူးလေးကိုပဲ အမှတ်တရ ပေးလိုက်တာ "

"အခု ညတွင်းချင်းပြန်မယ် ပြင်လိုက်တော့"

"အားး..ပါပါး ကလည်းတစ်ရက်နေပါဦးမယ်ဆို "

"မင်း မွှေတာ များနေပြီ .. ကျောင်းဖွင့်ရက်လည်းရောက်ပြီ ပြန်မယ် သူများမြို့မှာ ငါတို့အရှက်မကွဲချင်ဘူး "

"သား လိမ္မာပါ့မယ် နောက်တစ်ရက်ပဲလေ နော် "

"မနက်ဖြန်ကျောင်းဖွင့်ရက် မင်းဘယ်လိုလုပ်မှာလဲ "

"ပါး ဖုန်းဆက်ပြီး တစ်ခုခု လိမ်လိုက်လေ ပါး ကျွမ်းပါတယ် "

"ဝမ် ရီ ပေါ် မင်းလွန်မလာနဲ့ . . မိန်းမ အခု ပြင် မင်းသား ပေကပ်နေရင် ကြိုးနဲ့တုပ်ဆွဲခေါ် လာခဲ့ "

"ဘုရားရေ ဒီမှာ ကျွန်မက လေဥဥ ထားတာမဟုတ်ဘူးနော် ရှင်လုပ်လို့ ဒီကလေး ဖြစ်လာတာလေ "

"မင်းက တစ်မျိုး အရေးထဲ "

"ဟုတ်သားပဲ ပါးက တာဝန်မယူချင်တာလား ခေါင်းရှောင်ချင်တာလား ရှင်းရှင်းပြောနော် ရီပေါ် နားလည်တတ်တဲ့အရွယ်ရောက်နေပြီ "

လက်ညှိုး လေး တစ်ခါခါ နဲ့ ရန်တိုက်ပေးနေတဲ့ ရီပေါ် ကို ဝမ်ပါပါး ဂုတ်ကနေ ဆွဲထုတ်ချင်နေပြီ ။

ဟူး .... ငါမွေးထားတာ... ငါမွေးထားတာ ...သည်းခံ ရမယ် ။

"စကားထပ်မများ နဲ့တော့ အခုပြင် "

Long Journey ; One Sweet Love Where stories live. Discover now