အခန်း_(၈)

51.9K 5K 1K
                                    

ဝမ်ရီပေါ် လေကြီးကြီးစကား တွေ ပြောနေပေမဲ့ .. ခုမှအထက်တန်းကျောင်းသားလေပဲရှိသေးတာလေ ။ ကောကော ကို လွှမ်းမိုးဖို့ အများကြီးလုပ်နိုင်တာမရှိသေးဘူး ။ ကောကောကလည်း အရင်လို ခြိမ်းခြောက်တိုင်း လိလိမ္မာမ္မာ မနာခံတော့ဘူး ။ ဘယ်လိုဆုံးမ
ကွပ်ကဲရမလဲကိုမသိတော့ပါဘူး ။

ပိတ်ရက်နှစ်ရက်သာ နေခွင့်ရတာမို့ ဒုတိယရက်မှာ ရီပေါ်ရဲ့ Target ကို ကျန့်ကောရဲ့မာမား ..ရီပေါ်ရဲ့မာမားလောင်းပဲထားပါတော့ ...သူမဆီဦးတည်ထားတယ် ။

စားသောက်ဆိုင်လေးဟာ အလုပ်ချိန် ကျောင်းချိန် မို့ လူရှင်းနေလေရဲ့ ။

ကျန့်ကော အရိပ်အယောင်ပင်မမြင်ရတာမို့ ရီပေါ်ကျေနပ်သွားမိတယ် ။ သူ့ အကြံအစည်လေးက ဖြောင့်ဖြူးတော့တာပဲ ။

"တွေ့ကြသေးတာပေါ့ မြို့ပြန်ခေါ်ပြီး မှ အပြစ်ကောင်းကောင်းပေးပြဦးမယ် "

*ဗျစ်*

"ယားးး ဌက်စုတ် "

လမ်းမီးကြိုးပေါ်က မွဲပြာရောင်နဲ့ဌက်က သူ မသိသလို ခေါင်းမော့ထားတယ် ။

ရီပေါ် စိတ်တိုပေမဲ့ ဒါ မာမားကို ဝင်ရောဖို့ အကြောင်းပြချက် ကောင်းကောင်း တစ်ခုပဲမလား ။

"နောက်တစ်ခါ တွေ့ရင် မင်း ဖင်ကို ဒုံးကျည်နဲ့ထိုးထည့် ဦးမယ် ဌက်စုတ်"

ကြိုဆိုတာပေါ့ ။ ငါကလည်း မင်းခေါင်းပေါ်ကို ထပ်ပါချဦးမှာ လူရှုပ်လေးရဲ့ ။

ရီပေါ် မျက်နှာကို ငယ်ချထားရင်း စားသောက်ဆိုင်လေးထဲ ဝင်လာခဲ့ လိုက်တယ် ။

"မင်္ဂလာပါ အန်တီ "

"ဝေ မင်္ဂလာပါကွယ် ဘာစားမလဲ "

"သားကို မမှတ်မိတော့ဘူးလား "

"ဟေ ... "

"သား ရီပေါ်လေးလေ ...ကျန့်ကော သူငယ်ချင်း ကျန့်ကော အထက်တန်း တုန်းက အိမ်လိုက်လာဖူးတယ် "

ရီပေါ် နဖူးလေးလှန်တင်ပြလိုက်တော့ မာမား ဟာ မှတ်မိသွားဟန်ရသည် ။ ကြည့်ပါလား ငါ့ ချစ်စရာရုပ်လေးက မပြောင်းလဲသေးဘူး ။ အွစ် အွစ် ..။

"ဟယ် ဌက်ချေးလေးပဲ မင်းက "

"!!!"

"ရုပ်ပြောင်းသွားလိုက်တာ .. လာ အတွင်းထဲ ဝင်ခဲ့ ..အမြဲ ဌက်ချေး ပေနေတော့တာပဲ သားကောကောနဲ့ရော တွေ့ပြီးပြီလား"

Long Journey ; One Sweet Love Where stories live. Discover now