အခန်း _(၂၀)

37.8K 3.7K 549
                                    

ဝမ်ရီပေါ် မိဘအိမ်ကို ခန ပြန်လာခဲ့တယ် ။
ဝမ် လင်မယားဟာ အလုပ်များသူတွေမို့ နောက်ကျမှသာ အိမ်ပြန်ရစမြဲ ။ ချမ်းသာတဲ့ မိသားစုပေမဲ့ သူတို့ဟာ ပေါ့ပေါ့မနေဘဲ သိပ်ကြိုးစားကြတာ ။

ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲ ထိုင်နေတဲ့ရီပေါ်ကို မြင်တော့ ဝမ်ပါပါးက ပြုံးတယ် ။

"ဟေး ဧည့်သည်လေး "

"ဒီအိမ်သားနံမည် နဲ့ လွှဲပြီးပြီလေ ပါပါးကမှ အိမ်ဌားလေး "

"ငါ ..လုပ်လိုက်ရ "

"အကြင်နာတွေပွားရမဲ့အချိန်လေ မေတ္တာတွေ ထားပါ "

"အေး မေတ္တာ ကနောက်မှထား မင်းကောင်လေးကို လည်း Company လာခိုင်းပါဦး အလုပ်ထွက်သွားပြီးထဲက အရိပ်လေးအမြီးလေးတောင်မမြင်ရတော့ဘူး "

"ဘာလုပ်မလို့လဲ ငါ့သားချောနဲ့ လမ်းခွဲပေးဆိုပြီး လာဘ်ထိုးမလို့လား "

"ရုပ်ရှင် ကြည့်တာလျှော့စမ်း "

"အဲ့ဒါဆို ပြောလေ သားလူကို ဘာလုပ်မလို့လဲ "

ဝမ်ပါပါး ကတ်ကတ်လန်စွာနေတဲ့ ဝမ်ရီပေါ်ရဲ့ ဥကို ဆွဲညှစ်လိုက်တယ် ။ ငယ်ငယ်ထဲက ဒီလို စရတာ သိပ်သဘောကျခဲ့တာ ။

သူ့ မအေ ဆူလို့သာ ဝမ်ပါပါး လွှတ်ထားခဲ့ရတာ အခု လူမရှိတုန်း ဝမ်ရီပေါ် နှုတ်သီးအဆူ ပျောက်တဲ့ ထိ ညှစ်ပြီးစနေလိုက်တယ် ။
[သားအဖချင်း အဲ့လိုစကြတာ မြင်ဖူးမယ်ထင်]

"ပါပါး ဒါက သားလူဟာ "

နာကျင်နေတဲ့ ဝမ်ဥလေးကို ဖုံးအုပ်ရင်းဆိုလာတဲ့ ဝမ်ရီပေါ် ။

"ကြည့်စမ်းငယ်ငယ်က ငါးဘဲ သာသာလေး အခုအရွယ်ရောက်လာလိုက်တာ ငါနဲ့ တစ်ထေရာထဲပဲ "

"သားဟာက လှတယ် ပါပါးဟာက တစ်ပတ်ရစ်ကြီး "

"တော်ကြပါတေ့ဟယ် အိမ်မှာ အလုပ်သမားမလေးတွေ ရှိနေတာ မရှက်ဘူးလား "

ဂေါက်သီးမက သားအဖ နှစ်ယောက်လုံးကို ဟောက်သွားတယ် ။

"သူကပဲပြောရသေး "

သဘောကောင်းတဲ့ ဝမ်ပါပါးဟာ အဆင့်အတန်းလည်းမခွဲတတ်တာမို့ နွေးနွေးထွေးထွေးသာ ဆက်ဆံတယ် ။

Long Journey ; One Sweet Love Where stories live. Discover now