အခန်း _(၂၃)

31.2K 6.4K 438
                                    

'တက္ကသိုလ်ပေါင်းစုံ အားကစားပွဲစဉ်များ '

ရီပေါ် ပိုစတာကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားလိုက်တယ် ။ မများပေမဲ့ မနည်းလှတဲ့ ဆုကြေးငွေတွေက ကျန့်ကော အတွက် တစ်ခုခု ဝယ်ပေးဖို့ အိုခေနေခဲ့တယ် ။

ငါလေး အိမ်ထောင်ဦးစီးစိတ်ဓာတ်အပြည်နဲ့ ဝင်ကစား လိုက်ဦးမယ် ။

စာရင်းသွင်းရန် ကျောင်းသားကောင်စီကိုရောက်တော့ တက္ကသိုလ်ညွန့်ပေါင်း Choir အတွက် စာရင်း သွင်း Audition ဖြေနေရတဲ့ ကျောင်းသားတွေ ။

ကျန့်ကောလည်း ကျောင်းတွင်း Choir အဖွဲ့ဝင် ဖြစ်ခဲ့တာကို သတိရလိုက်မိသည် ။ ရီပေါ်လက်ကလေးက ကျောင်းသူလေးတွေ ဝေနေတဲ့ ဖောင်စာရွက်အသေးလေးကို ဆတ်ခနဲ ဆွဲလုလိုက်တယ် ။

"ဟဲ့နင့်ကို မဝေဘူး "

ရီပေါ် တစ်ချက်သာမော့ကြည့်ရင်း ဖောင်ကိုစဖြည့်တယ် ။

"ဟဲ့တကယ် မရတာ ဂီတမှုးက သူ့ မုတ်ဆိတ်တွေ ရိတ်သွားထဲက နင့်ကိုတွေ့တာနဲ့သတ်မယ် ကြိမ်းနေတာ "

ရီပေါ် ကျောင်းတက်မမှန်သူမို့ ဘယ်ဆရာတွေက ဘာတွေ ခံစားနေရလဲ မသိရိုးအမှန် ။ ကျန့်ကော မုတ်ဆိတ်လေးတွေ ကို ရိတ်ပေးချင်လို့ မုတ်ဆိတ်ရိတ်တဲ့စက်ဝယ်လာတာ ။

စက်က မိမိ မသုံးဖူးသည့် အမျိုးအစား ။ မတော်တဆ စက်ကအမှားအယွင်းဖြစ်ပြီး ကျန့်ကော မေးစေ့လေး ပျက်ရှသွားရင် ပေါ်ပေါ် ရင်ကွဲရချည်ရဲ့လေ ။

အဲ့ဒါကြောင့် မုတ်ဆိတ် ထူထူနဲ့ ဆရာ့ကို အလကားလဲ စမ်းသုံးပေးရသေးတယ် ။

"ရီပေါ် "

"မင်း တော်တော်စကားများ ...ပါးစပ်ပိတ်"

"အေးရန်ထဖြစ်ရင်မဆွဲဘူးနော် "

ရီပေါ် အောက်ဆုံးအကွက် အိမ်ထောင်ရှိ/မရှိ နေရာလေးကို အမှန် ခြစ်လိုက်ပြီး ဘောပင်သိမ်းလိုက်တယ် ။

ရှေ့က လူလေးယောက် ပြီးတာနဲ့ သူ audition ဝင်ဖြေသွားလို့ရပြီ ။

ရီပေါ် အချိန်ရတုန်း တစ်ဘက်မှာ ဘောလုံးနဲ့ ဘတ်စကတ်ဘော ကို စာရင်းသွားသွင်းလိုက်တယ် ။

Long Journey ; One Sweet Love Where stories live. Discover now