အခန်း_(၂၆)

31.3K 4K 230
                                    
[တောင်းပန်လွှာ .. ပထမတစ်ပိုင်းလောက် ပုံအရမ်းများတော့ စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ် သည်းခံပေးပါ ]

ဝမ်ရီပေါ် ပါကေးခင်းလေးပေါ်ထိုင်ရင်း ခြောက်လက်မအရွယ် ဆိုင်ကယ်လေးကိုတွန်းရင်းဆော့နေတယ် ။

အလုပ်ကိစ္စအတွက်လာရောက်တဲ့ ဧည့်သည်တွေ ကို ကြိုဆိုဖို့ ရှောင်းကျန့် ထွက်လာတိုင်း ခေါင်းလေးမော့မော့ပြီးစပ်စုလို့ ။

ရှောင်းကျန့် လိမ္မာနေတဲ့ရီပေါ်ကိုပြုံးပြတော့ ပြန်လည် ပြုံးပြလာတဲ့ ကလေးဟာ ဖြူစင်လွန်းတယ် ။

ရှောင်းကျန့် အချိန်တော်တော်ကြာ စိုက်ကြည့်နေတော့ ပြုံးရာမှရယ်ချင်လာဟန်ရှိတဲ့ရီပေါ်က "ဘာလို့တုန်း " ဟူသည့်အူကြောင်ကြောင်အမူအယာလေးပြတယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပြန်လည်ရှည်ထွက်လာတဲ့ဆံပင်တွေကို ထုံးစံအတိုင်း အရုပ်ပါတဲ့ ခေါင်းစည်းကလစ်လေးနဲ့စုချည်ထားတဲ့ ကလေးလေးဟာ ရှောင်းကျန့် မြတ်နိုးရာ အစုစု တည်ရှိတဲ့ အမြုတေလေး ။

Long Journey ; One Sweet Love Where stories live. Discover now