အခန်း _(၃၂)

25K 3.3K 227
                                    

ဆံပင်လုံးလုံးလေးကို လက်နဲ့အသာ ပင့်လိုက်ရင်း ကားပေါ်က ဆင်းလို့ ကျောင်းပေါက်ဝဆီ ပျင်းရိရိလမ်းလျှောက်နေတဲ့ ရီပေါ် ။

"ကော်ဖီတစ်ဘူးဝယ်ခဲ့"

နားထဲ အကြိမ်ကြိမ်ကြားယောင်ခဲ့တဲ့ ချယ်ရီကြွေတဲ့အသံလေး ။

"ကိုကို "

ကိုကိုက သူနဲ့ ဆင်တူ အင်္ကျီတွေဝတ်ထားတဲ့ လူအုပ်အကြားစကားပြောရင်းရယ်နေတယ် ။

ကိုကို့အပြုံးတွေက သိပ်လှတာပဲ ။

ရီပေါ် ကိုကို ရှိရာ လျှောက်သွားချင်ပေမဲ့ စိတ်ဆိုးနေတဲ့ ကိုကို့ ပုံရိပ်ကို သတိရမိတော့ ဆက် မလျှောက်ဖြစ်တော့ ။ ကြီးမားတဲ့ ဖိအားတစ်ခုကို ခံစားနေရတယ် ။

ကိုကိုတို့ထွက်သွားတော့ သူတိတ်တိတ်လေး လိုက်သွားမိတယ် ။ ကိုကိုက ဘေးချင်းကပ် အစိုးရကျောင်းမှာပဲ ။ တစ်ခါတစ်ရံ သီချင်းလေးညဉ်း ရင်း ပုံဆွဲနေတတ်တဲ့ ကိုကို က ရီပေါ်အတွက် အလှဆုံးပွဲတော်တစ်ခုပဲ ။

"မားမား သားလေ ... တစ်ယောက်ယောက်ကို လိုချင်တယ် "

"ဟင် တစ်ယောက်ယောက် ?"

ပြည်ပရောက်နေတဲ့ မာမားထံ ဖုန်းခေါ်နေတဲ့ရီပေါ် ။ ဖုန်းခွက်ကို ဖက်ထားရင်း သူ့ပုံလေးက တွေတွေဝေဝေ နဲ့ အဖြေတစ်ခုခု လိုချင်နေဟန်ရတယ် ။

"အဲ့တစ်ယောက်ယောက်ကို မြင်ရင် ပျော်တယ် သူ့နောက်လိုက်သွားချင်တယ် သူနဲ့စကားမပြောရရင်တောင် ထိုင်ကြည့်ချင်နေတယ် သူလုပ်တာလေးတွေ စိတ်ဝင်စားတယ် သူပြုံးတာကို သူများကြည့်ရင် မပျော်ဘူး သူ့အကြောင်းကို သူများက အကုန်သိသလို ပြောနေတာ မကြိုက်ဘူး .."

ရီပေါ် အာခြောက်လာတာမို့ တံတွေး မျိုချရင်း နှုတ်ခမ်းလုံးလုံးလေးကို ဖိထားလိုက်တယ် ။

"အဲ့လို ဆို သားသား စိတ်မကောင်းဘူး "

"သားက ကလေးလေးပဲ ရှိသေးတာလေ သူငယ်ချင်းကိုပြောနေတာလားအခုက "

"ဟင့်အင်း သူက သားကို ဂရုစိုက်ဖူးတဲ့သူ "

"သားလေး အထီးကျန်နေပုံပဲ ..မာမားပြန်လာရင် အကောင်လေးဖြစ်ဖြစ် အရုပ်လေးဖြစ်ဖြစ် ဝယ်ပေးမယ်လေ "

Long Journey ; One Sweet Love Where stories live. Discover now