အခန်း _(၁၅)

43.2K 3.9K 593
                                    

ရွာရိုးကိုးပေါက် လျှောက်လည်ပြီးနောက် ချွေး တသီးသီး နဲ့ မောပန်း လာတဲ့ ဝမ်ရီပေါ်လေး ။ မသယ်နိုင်တော့တဲ့
စကိတ်လေးကို ကြိုးနဲ့ ချည်ပြီးဆွဲလာခဲ့တယ် ။

သူပြန်ရောက်တော့ ကျန့်ကော က ဧည့်ခန်းထဲ ဖုန်းဖြေနေဟန်ရပြီး သူ့ကို တစ်ချက် စစ်ဆေးသလိုကြည့်လာခဲ့တယ် ။

ဟိတ် .... ဘဲဘဲ မောလာတယ်လေ .. ရေလေးကမ်းပြီး မကြိုဆိုချင်ဘူးလား ။

ရှောင်းကျန့် ဖုန်းပြောလို့ ပြီးတော့ ညစ်ပေတူး နေတဲ့ရီပေါ်နား လျှောက်လာခဲ့လိုက်တယ် ။

"အဲ့ဒါ ဘာဖြစ်လာတာလဲ "

"ဘာမှဖြစ်ပါဘူး ဘာလို့လဲ "

"ပါးတွေ ရဲတွတ်နေပြီ  ..တစ်ကိုယ်လုံးလဲ ပေကျံနေတာပဲ "

ရှောင်းကျန့် ဖုန် တွေ ပေတလူး နေတဲ့ ရီပေါ် ကိုယ်ကို လက်နဲ့ တဖုတ်ဖုတ် ခါပြရင်း ပြောလိုက်တယ် ။

"အာ ...ဟိုခွေးလေ နားရွက်ကြီးနဲ့ခွေး သူ့ကြိုးလေး လိုလို့ယူတာကို အေးဆေးမပေးဘဲ လာလုန်အုပ်နေလို့ ပြန် နပန်းလုံးခဲ့ရတယ် တော်တော်တိုင်မှာ အချည်ခံချင်နေတာ အဲ့ကောင်"

ရီပေါ် စကိတ်ပြား ခါးမှချည်ထားတဲ့ ကြိုးကို ညွှန်ပြရင်း မကျေမနပ်တိုင်လိုက်မိသည် ။

"ဘယ်အိမ်က ခိုးလာပြန်တာလဲ..မင်း မမွှေလို့ မရဘူးလား "

"မခိုးပါဘူး ကျွန်တော်သူ့ကို နပန်းလုံးပြီးနိုင်လို့ ရလာတာလေ တကယ်ပဲ ဘာမှလဲ မသိဘဲနဲ့ "

ရှောင်းကျန့် ခွေးထိန်းကြိုးမှ ချိတ်ဆွဲထားတဲ့ ဖုန်းနံပါတ်ကို မှတ်ထားလိုက်ပြီး ဆိုးပေကို အငြင်းအဆို မပြုတော့ချေ ။

"ကိတ်မုန့် ဖုတ်ပြီးပြီ အလှမဆင်ရသေးဘူး မင်းကြိုက်တဲ့ပုံစဉ်းစားထား "

"ရေနွေးလေး စပ်ပေးပါလား ရေချိုးမလို့ "

ရှောင်းကျန့် စေတနာမရှိပေမဲ့ သူ့ကို လုပ်ခိုင်းရင်လည်း အပူလောင်ပြီး ပရမ်းပတာတွေ လိုက်ရှင်းရမှာ ကြောက်သည်မို့ ရေခပ်နွေးနွေးဖြစ်အောင်စပ်ပေးလိုက်ရတယ် ။

ကောင်လေးကတော့ရေချိုးခန်းထဲ လူနားမလည်တဲ့ သီချင်းတွေ အော်ဆို နေခဲ့သည် ။

Long Journey ; One Sweet Love Where stories live. Discover now