အခန်း _(၃၁)

24.9K 3.2K 123
                                    

(ကျန့်ကော အပြင်မှာပါ ခွေးမွေးလိုက်ပါပြီနော်🙃ကိုယ်fic
Updateလိုက်တာ မနက်ပိုင်း ကျန့်ကော weibo ပေါ်တင်လိုက်တာ နေ့လည်ထင်ဟုတ်တယ်မလား 🙃 သူလေးကတော့ဝယ်မွေးတာပေါ့)

ဆံပင်လေး သပ်သပ်ရပ်ရပ် ညှပ်ထားတဲ့ ကလေးခေါင်းကို အသာအယာပွတ်ရင်းရှောင်းကျန့်သက်ပြင်းချလိုက်တယ် ။ ပေကျင်းမှ ချုံချင်းလေဆိပ်ထိ ၃ နာရီ ကျော်သာ လေယာဉ် စီးရသော်လည်း ထိုကာလတိုဟာ ရှောင်းကျန့်ကိုအိုမင်းစေသည် ။

ရီပေါ်လေးက မိမိပခုံးပေါ်မှီရင်းအိပ်ပျော်နေတာမို့ လေယာဉ် စိုက်ခါနီး အသာ ပုတ်နှိုးလိုက်ရသည် ။

ကားတစ်ဆင့် ပြန်စီးပြီးမှ မိမိတို့ စားသောက်ဆိုင်ရှေ့ကိုခြေချနိုင်တယ် ။ ဆိုင်လေးဟာ အရင်လိုမပြောင်းမလဲလူစည်ကားနေဆဲ ။

"ရီပေါ် ကိုကို မှာတာတွေမမေ့နဲ့နော် "

"လိမ္မာပါ့မယ်ဆို ကျန့်ကျန့်သာ ... မဖြစ်တာ သိတယ်မလား "

ရှောင်းကျန့်ကို ခပ်တင်းတင်းဆွဲကိုင်ထားခဲ့တဲ့ လက်တွေက အေးစက်နေတယ် ။ ခေါင်းမာတဲ့ကလေးလေးတစ်ယောက်လိုမျိုး ရီပေါ်က ရာဇသံပေးလေရဲ့ ။

နှစ်ယောက်သား ဆွေးနွေးလို့ပြီးဆုံးမှဆိုင်တံခါးလေးကို တွန်းဖွင့်ဝင်လာခဲ့တယ် ။ ရှောင်းကျန့်ကြို အကြောင်းကြားခဲ့တာမို့ ပါပါးက စိုက်ခင်းဘက် မသွားဘဲ ဆိုင်ကို ရောက်နေခဲ့ သည် ။

ပါပါးဟာ ဘာမှမပြောင်းလဲဘဲ နုပျိုနေတုန်းပဲ ။

"လာကြပြီလား "

"ပါး "

ရှောင်းကျန့်  ပါပါးကို မြင်တာနဲ့ ကလေးလေးတစ်ယောက်လိုဖက်ထားမိသည် ။

"ဘာမှမဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ် အရမ်းမကြောက်နဲ့ ...ယောကျာ်းဆိုတာ ကိုယ်ရွေးလိုက်တဲ့ လမ်းကို ပျော်ရွှင်ရမယ် ကြိုးစားရမယ် နောင်တကင်းရမယ် စိတ်မပျော့နဲ့ "

ဖခင်ဖြစ်သူက ရှောင်းကျန့်ကျောပြင်ကို အသာပွတ်ပေးရင်း ဆုံးမ နှစ်သိမ့်သည် ။

ရှောင်းကျန့် ဝေ့ဝဲလာတဲ့ မျက်ရည်စက်တွေကို ထွက်ကျမလာအောင် ထိန်းရင်းရီပေါ်လေးကို မိတ်ဆက်ပေးလိုက်တယ် ။

Long Journey ; One Sweet Love Where stories live. Discover now