အခန်း_(၁၇)

33.5K 3.3K 439
                                    

ရှောင်းကျန့် ဘောက်ဖတ် လေးကို စာရွက်ပေါ်တင်ထားပြီး အလုပ်လုပ်နေတယ် ။

အနောက်ယွန်းယွန်းဆိုဖာပေါ်မှာ "ကြောက်စရာ့အရွယ် ချောင်းကြမယ် " အစီအစဉ် တစ်ကိုယ်တော်ရိုက်ကူးနေသူက ဝမ်ရီပေါ် ။

မျက်မှောင်ကုတ်ရင်း ရှောင်းကျန့်ကျောပေါက်ထွက်မတတ်ကြည့်ရတာ ရီပေါ်ကိုယ်တိုင်လည်း မျက်လုံးတွေနာလှပြီ ။ အနားလည်းကပ်မသွားရဲဘူး ။ ဘောက်ဖတ်ကြီးက ရီပေါ်ကို မျက်လုံးပြူးပြနေသလိုပဲ ။

ငါမညာဘူး တကယ်ပြောတာ ။ အတည် ။ အဟုတ် ။

"ကျန့်ကော အဲ့ဒါကြီးပစ်လိုက်စမ်းပါ သူတို့က ပြင်ပလေ မထိရင် သေတတ်တယ် "

"နေစမ်းပါ မင်းရှုပ်လွန်းလို့ငါ ခက်ခက်ခဲခဲ ရှာထားရတာ "

"ဟွန့် "

ကျန့်ကောက ဝါးလုံးကြီးပဲ ။ ရီပေါ် ဘယ်လောက်ပဲကွေးအောင်ဆွဲချချ ..ဆွဲချချိန်လေးပဲ  အားရပါးရကွေးလာပေမဲ့ အချိန်တန်ရင် ပြန်ဖြောင့်တန်း သွားတာမျိုး ။

ဝါးပင်တွေကို အထပ်ထပ် သပ်ရင်း မီးအပူပေးတဲ့အခါ ရာသက်ပန်ကွေးညွှတ်သွားလိမ့်မယ် ။

ဒါပေမဲ့အဲ့ဝါးကွေးကြီးခိုင်မြဲဖို့အတွက်တော့ စို့ထိုးသပ်ရိုက်ရလိမ့်မယ် ။ စို့ထိုးလိုက်ရင်ကောင်းမလား ။

အဲ့ " စို့ "ကြီး က ဘယ်မှာလဲ ။

ရီပေါ် ကျန့်ဝါးလုံးကြီးကို ထိုးဖို့ "စို့ " လိုနေပြီဖြစ်ကြောင်း တလေးတနက်တွေးလိုက်တယ် ။

ကိုကြီး က သားအတွက်ကွေးပေးစမ်းဘာ ။

"ရီ.."

"ဗျာ"

ရှောင်းကျန့် ဖုန်းကိုနားက ခွာရင်း ရှုးခနဲ လက်ညှိုးလှမ်းထောင်ပြလိုက်တယ် ။

"အော် ကျွန်တော့်ကို ခေါ်တာထင်လို့ဘာ တိုးတိုးလေးနေမယ်နော် "

ကူရှင်စလေး ကိုက်ရင်းပြန်ငြိမ်သွားတဲ့ ဝမ်ရီပေါ် ... ခေါင်းငုံ့ရင်း ရှောင်းကျန့်ကို ခိုးခိုးကြည့်နေတယ် ။

ဖုန်းပြောနေတဲ့ရှောင်းကျန့်အကြည့်တွေကလဲ ရီပေါ်ထံမှာ အကဲခတ်နေတယ် ။

Long Journey ; One Sweet Love Where stories live. Discover now