part-7📎📎📎

8.8K 968 24
                                    

📎📎📎

ဒီ​နေ့မနက်​ခင်း​ရှောင်းကျန့်​တို့အခန်းထဲတွင်​တိတ်​ဆိတ်​မှုများကြီးစိုး​နေသည်​!​​အ​ကြောင်းမှာ^အသစ်​​ပြောင်းလာ​သောသင်္ချာဆရာကြီးစာသင်​​နေ၍^ဆရာကြီး၏ရုပ်​မှာခက်​ထန်​ပီးတည်​​နေ​သော​ကြောင့်​ငြိမ်​​နေကြခြင်းပင်​!
သို့​သော်​ခုံတစ်​ခုံထဲကကွက်​ပီးစကားသံထွက်​​နေသည်​^
သေချာ​ပေါက်​ ​ရှောင်းကျန့်​ပဲ​ပေါ့!

~ ရီ​ပေါ် ​ပေါ်​ပေါ် ဝမ်​အကိုကြီး ဝမ်​ရီ​ပေါ် ​ဝေ့ ~
*မင်းငါ့ကိုတစ်​ချက်​​လောက်​​တော့ကြည့်​သင့်​တယ်​လို့ငါထင်​တယ်​!ငါကရူး​နေတာမဟုတ်​ဘူး​လေကွ*
ရှောင့်​ကျန့်​မှာဝမ်​ရီ​ပေါ်လှည့်​မကြည့်​မချင်းကို သူ့မျက်​နှာအားကြည့်​၍​ခေါ်​နေ​လေသည်​!​ရှေ့မှာစာသင်​​နေတဲ့ဆရာကို​တော့​တစ်​ချက်​မှကို​မော့၍မကြည့်​^အင်း^
စာသင်​​နေတဲ့ဆရာကိုပလစ်​ပီးသူ့ဘဲမျက်​နှာ​လေးကိုကြည့်​ပီးသူ့ဘဲနာမည်​ကိုထိုင်​ရွတ်​​နေတာ!အရမ်း​တော်​တာပဲ^

~အ ~

ရှောင်းကျန့်​ဝမ်​ရီ​ပေါ့်အားကြည့်​၍အ​တွေးများ​နေစဉ်​နဖူးမှနာကျင်​မှုအားခံစားလိုက်​ရသည်​!​ရှောင်းကျန့်​စိတ်​တိုတိုဖြင့်​နာသွား​သောမိမိနဖူး​လေးအားပွတ်​ကာတရားခံကိုရှာမည်​အပြု

~ အခန်းအပြင်​ထွက်​​နေ ~

ဘာကြီး???
‌ရုပ်​တည်​ကြီးနဲ့​​ပြော​နေတဲ့ဆရာကြီး^ငါ့ကိုစ​နေတာမဟုတ်​ဘူးလား???
‌ခုံ​ဘေးကိုကြည့်​လိုက်​​တော့အနီ​ရောင်​သ​ရေပင်းကြီး!
‌အိုက်​ယား! အဲ့တာ​ကြောင့်​​ ဒီ​လောက်​နာ​နေတာကိုး!
‌ငါ​တော့သွားပါပီ^ကြိုးရာကြီးထင်​သွား​လောက်​ပီ!
‌ဒီ​လောက်​လှတဲ့ ငါ့နဖူး​လေးမှာအနီရာကြီးနဲ့ဆိုရင်
‌အိုက်​ယား!မစာမနာနဲ့ ဆရာကြီးက^
‌​ချောလွန်းတဲ့ငါ​လေးကိုမနာလိုလို့​နေမှာ!

‌~​ဟေ့ မျက်​နှာကိုအမျိုးမျိုးလုပ်​မ​နေနဲ့ အခန်းအပြင်​အခုထွက်​ ~

‌အာ... ထွက်​ဆို​တော့လည်းထွက်​​ပေါ့!
‌​ကောင်းလိုက်​တာ^စာကြည့်​တိုက်​မှာဒီအချိန်​ဆိုစာစဉ်​လာရှာတဲ့ကျဲ​ချော​ချော​လေး​တွေရှိမှာ!
‌သွားရမယ်​^

‌~​ဟုတ်​ကဲ့ပါ ဆရာကြီး ~

‌​ရှောင်းကျန့်​ပြုံးစိစိမျက်​နှာပိုးအားမနည်းထိန်းကာဆရာကြီးအားနှုတ်​ဆက်​လိုက်​သည်​^ဆရာကြီးက​တော့လှည့်​ပင်​မကြည့်​​တော့!​ထို့​နောက်​တွင်​​တော့​ရှောင်းကျန့်​တစ်​​ယောက်​တက်​ကြွစွာဖြင့်​စာကြည့်​တိုက်​ရှိရာသို့ထွက်​သွား​တော့သည်​!မသွားခင်​ဝမ်​ရီ​ပေါ်ဘက်​ကိုလှည့်​ပီး

‌~ငါစာကြည့်​တိုက်​မှာရှိ​နေမယ်​ ~ ဟုပင်​​ပြောခဲ့​သေးသည်​!အင်း​လေ^သူစာသင်​ရင်းငါ့ကိုလွမ်းလာရင်​လာ​တွေ့လို့ရတာ​ပေါ့!လှည့်​ထွက်​သွားပီဖြစ်​​သော​ရှောင်းကျန့်​က​တော့သူ့​နောက်​က​ကောင်​​လေး၏မျက်​နှာတွင်​ဖြစ်​​ပေါ်လာ​သောအပြုံးတစ်​ပွင့်​အားမြင်​မသွား​တော့​ချေ!..

‌📎📎📎

‌​ရှောင်းကျန့်​စာကြည့်​တိုက်​တွင်​အိပ်​​ပျော်​​နေရာမှစန္ဒကူးနံ့​ရလိုက်​ပီးနိုးလာသည်​!
‌မျက်​စိဖွင့်​ဖွင့်​ခြင်း​တွေ့လိုက်​ရတာကသူ့​ရှေ့တွင်​စာဖတ်​​နေ​သောဝမ်​ရီ​ပေါ်^​ရှောင်းကျန့်​ရင်​ထဲပန်းတစ်​​ထောင်​​လောက်​ပွင့်​လာသလိုဖြစ်​သွားသည်​!ဒါငါ့ကိုသတိရလို့လာ​တွေ့တာ​နေမှာ^

‌~ငါ့ကိုမ​တွေ့ရရင်​မ​နေနိုင်​ဘူး​ပေါ့​လေ ~

‌ယုန်​သွား​လေး​တွေ​ပေါ်​အောင်​ရယ်​ရင်း​မေးလိုက်​သည့်စကားအဆုံးအကြည့်​စူးစူးတစ်​ချက်​သာပြန်​ရ​လေသည်​!ဘာလဲ???
‌ငါကိုပြန်​မ​ဖြေဘူး​ပေါ့​လေ!ရတယ်​^ဆက်​​ပြောရုံ​ပေါ့!

‌~ဝမ်​ရီ​ပေါ် ငါ့ကိုခင်​တယ်​မလား ~

~​ဝေ့ ပြန်​​တော့​ဖြေ​လေ ~

~နဲနဲ​လေး​တော့ခင်​တယ်မ​လား ဒီ​လောက်​​လေး​လေ~

ရှောင်းကျန့်​မျက်​နှာကိုအတတ်​နိုင်​ဆုံးငယ်​ရင်း​လက်​မထိပ်​နှင့်​လက်​ညိုးထိပ်​နား​လေးကိုထိကာ​ထောင်​ပြရင်း​ပြောလိုက်​သည်​!

~အင်း ~

yesss!ကြားတယ်​မလား မင်းတို့!ရီ​ပေါ် ငါ့ကိုခင်​သွားပီ!
နောက်​တစ်​ဆင့်​တက်​ရမယ်​!ငါဆိုတဲ့​ရှောင်းကျန့်​မှ​ရှောင်းကျန့်​ဖြစ်​သွား​စေရမယ်​ ^....

Note💙

ဝေဖန်​အား​ပေးမှုများ​မျှော်​လင်းလျက်​😊

Love you all😘😘😘

<26-8-19>


CHAY《completed》Where stories live. Discover now