part-20📎📎📎

7.6K 769 24
                                    

📎📎📎

ဝမ်​ရီ​ပေါ်တစ်​​ယောက်​​ကားထွက်​မှရှောင်းကျန့်​အား​ဘေးနား​ခေါ်ထိုင်​မိသည်​မှာမှားပီဟုခံစားလာရသည်​။
အ​ကြောင်းမှာ​ဘေးတွင်​ထိုင်​ကာတရစပ်​စကားများ​ပြော​နေ​သော​ကြောင့်​ပင်​။ရှေး​ရှေးကကိစ္စများကိုအစလှန်​ပီး​ပြော​နေသည်​မှာသူ့​ဖေ​ဖေနှင့်​​မေ​မေ၏အချစ်​ဇာတ်​လမ်းကိုပင်​အားကြိုးမာန်​တက်​​ပြောပြ​နေ​သေးသည်​။ထို့အပြင်​သူ​မွေးထား​သော​ကြောင်​မကြီးဆုံးသွား​ကြောင်းကိုပင်​​ပြောကာတရှုံ့ရှုံ့ကဖြင့်​ငို​နေသည်​မို့​ချော့ရ​သေးသည်​။
ငိုပီ​တော့စကားဆက်​မ​ပြောဘဲမုန်​ထိုင်​စား​နေပြန်​သည်​မို့နားညည်းတာအနည်းငယ်​တော့သက်​သာသွားသည်​။
သို့​သော်​လည်း​အေး​ဆေးမ​နေရပါ​ချေ။သူ​ဖောက်​စား​သောမုန့်​များအားတစ်​ခုပီးတစ်​ခုလာ​ကျွေး​နေ​သော​ကြောင့့်​ပင်​။မစားဘူး ဟု​ပြောပါကမျက်​​စောင်းကိုထိုးကာပါးစပ်​ထဲသို့အတင်းလိုက်​ခွံ့​နေသည်​။
*ဆိုး​တော့မဆိုးပါဘူး crushခွံ့တဲ့မုန့်​ကအရသာအရမ်းရှိတယ်​^အို​ကေ^မစားဘူးတဲ့မင်းတို့​တွေ​တော့သိမယ်​မထင်​^*

~ ဝမ်​ရီ​ပေါ်^... ~

မုန့်​ထုပ်​အခွံကိုသူ့အိတ်​ထဲသို့ထိုးထည့်​ရင်းစကား​ပြောလာသည်​။

~ ပုခုံးတစ်​ဖက်​ငှါး^ ~

~ ဘာ! ~

နားမလည်​သည်​မို့ပြန်​​မေးလိုက်​ရသည်​။

~ ငါအိပ်​ချင်​လာလို့... ပုခုံးတစ်​ဖက်​ငှါး​လေ..​နော်​ ~

~ ငါသူများနဲ့အသားချင်းထိပီးမ​နေတတ်​ဘူး! ~

*မင်းနဲ့သာဆိုရင်​ ရင်​အခုန်​လွန်​ပီး​ပေါက်​ထွက်​သွားလိမ့်​မယ်​ *

~ သူများမဟုတ်​ပါဘူး...သူငယ်​ချင်း​အချင်းချင်းပဲကို! ငှါးပါ​နော်​... ငါအရမ်းအိပ်​ချင်​​နေလို့!! ~

*စကား​ပြောပီးမုန့်​စားတာဝသွားမှ​တော့အိပ်​ချင်​ပီ​ပေါ့!*

ရှေ့သွား​လေးနှစ်​​ချောင်း​ပေါ်​အောင်​ရယ်​ပြရင်း​အကျီလက်​​မောင်းအားဆွဲကာ​ပြောလာသည့်​​ရှောင်းကျန့်​စကားအဆုံးဝမ်​ရီ​ပေါ်တို့အရည်​​ပျော်​ရပြန်​သည်​။

CHAY《completed》Where stories live. Discover now