part-16📎📎📎

8.1K 835 28
                                    

📎📎📎

~ မင်းကအရူးလား ဝမ်​ရီ​ပေါ် ဒီ​လောက်​ဖျား​နေတာကို​ကျောင်းလာ​နေတယ်​ စာလိုချင်​လည်းငါပြန်​ကူး​ပေးလို့ရပါတယ်​ #£# ~

ရှောင်းကျန့်​ဝမ်​ရီ​ပေါ်အား​ကျောင်း​ဆေးခန်းတွင်​ထိုင်​၍ဆူ​နေသည်​မှာအ​တော်​ကြာ​နေပီဖြစ်​သည်​။ဝမ်​ရီ​ပေါ်ကမူအား​ဆေးသွင်းရင်း​ရှောင်းကျန့်​စကားများကိုနား​ထောင်​​နေ​လေသည်​။နားညီး​သော်​လည်း​ရှောင်းကျန့်​၏စိတ်​ပူမှုများကို​ဖော်​ပြ​နေ​သောစကားများ​ကြောင့်​အထွန့်​မတက်​​တော့ဘဲနား​ထောင်​​နေခြင်းပင်​။
သူ့အားလွမ်း၍ေ​ကျာင်းလာသည် ဟု​​အမှန်​အတိုင်း​ပြောလိုက်​လျှင်​​ရှောင်းကျန့်​​သွေးတိုးသွား​လောက်​သည်​။ယခုမူစာကိုအရမ်းလိုချင်​​နေ​သော​ကြောင့်​ဖျား​နေသည်​ကိုပင်​​ကျောင်းလာသည်​ဟုဆိုကာမပီးပြတ်​နိုင်​​သောသြဝါဒများကို​ချွေ​တော်​မူ​နေ​လေသည်​။

~ ဝမ်​ရီ​ပေါ် ~

ဟူးးးးး အခုမှပဲ​ရှောင်းကျန့်​အသံတိတ်​သွား​တော့တယ်​!
ဟောက်​ရွှမ်း​လေးကျန်းမာချမ်းသာ^အဲ^သူကငါဆုမ​ပေးလဲပြည့်​​နေပီးသားပဲ!ထားလိုက်​^ရုတ်​သိမ်းတယ်​!

~ ​ရှောင်းကျန့်​ရာ မိန်းမကြီးကျ​နေတာပဲ ပွစိပွစိနဲ့ မင်းအဲ့လိုတရစပ်​​ပြောမှဟိုက​ခေါင်းပိုကိုက်​သွားမှာ ~

ရှောင်းကျန့်​ထိုင်​​နေ​သောခုံတန်းရှည်​​ပေါ်သို့ဝင်​ထိုင်​ရင်းဝမ်​​ဟောက်​ရွှမ်းက​ပြောလာသည်​။

~ မင်းဘာသိလို့လည်း​ဟောက်​ရွှမ်းရ အခု​ကြည့်​ ဝမ်​ရီ​ပေါ်​ဆေးသွင်းထားရတာ ​နောက်​ကျရင်​ပိုဆိုးသွားမှာ ~

သူ့အားလက်​ညှိုးထိုးကာ​ပြောလာသည့်​​ရှောင်းကျန့်​စကားအဆုံးဝမ်​ရီ​ပေါ်ပြုံးလိုက်​မိသည်​။
* အရမ်း​တွေချစ်​ဖို့​ကောင်း​နေတာပဲ ငါ့ယုန်​ဖြူ ​လေးက *

~ မင်းရဲ့အခုပုံစံက​လေ ​ယောကျာ်း​နေမ​ကောင်းလို့စိတ်​ပူပီးဆူ​နေတဲ့မိန်းမကြီးအတိုင်းပဲ! ~

~ ဘာကွ မင်းကြီး​တော်​ကိုမိန်းမလား ငါက ~

မျက်​နှာကြီးရဲတက်​လာကာရန်​ပြန်​​တွေ့​နေ​သော​ရှောင်းကျန့်​မှာအလွန်​​ဒေါသထွက်​​နေဟန်​ပင်​။

CHAY《completed》Where stories live. Discover now