part-23📎📎📎

7.4K 703 40
                                    

📎📎📎

~ ကဲ အားလုံး​ပျော်​​ပျော်​ရွှင်​ရွှင်​​နေခဲ့ကြ​နော်​! ~

~ ဟုတ်​ကဲ့ပါ!! ~

ဆရာမရဲ့စကားအဆုံးအားလုံးပြိုင်​တူအသံထွက်​လာကြသည်​။
ကျောင်းသားများစုကာမီးပုံပွဲလုပ်​​နေခြင်းဖြစ်​သည်​။
အချို့က​တော့ခရီးပန်းလာ၍၊အချို့ကနားချင်​​နေ၍...
အ​ကြောင်းအမျိုးမျိုး​ကြောင့်​ခရီးအတူလာ​သောလူ​ခြောက်​ဆယ်​​ကျော်​မှယခုမူလူနှစ်​ဆယ်​​ကျော်​သာမီးပုံပွဲတွင်​ကျန်​​တော့သည်​။ဆရာမကလည်းခရီးပန်းလာသည်​ဟုဆိုကာအခန်းဘက်​သို့ပြန်​သွားပီဖြစ်​သည်​။

~ ကဲ ငါတို့​ဆော့ကြရ​အောင်​ ~

ယွီပင်းမှစကာ​ပြောလိုက်​ခြင်းပင်​။

~ ဘာ​ဆော့မှာလဲ က​လေး​ကလားနဲ့ ~

~ ​အေး​လေ မ​ဆော့ချင်​ပါဘူး ~

~ ငါတို့က ငြိမ်ြိငိမ်​​လေးပဲထိုင်​​နေချင်​တာ ~

ယွီပင်း၏စကားအဆုံးမိန်းက​လေးများထံမှကန့်​ကွက်​သံများထွက်​လာကြသည်​။

~ နင်​တို့ကလည်း! ထိုင်​​နေရင်​ပျင်းစရာကြီးကို! ~

မုန်​ကျီယိကအသံကျယ်​ကျယ်​နဲ့​ပြောလာတယ်​။

~ အဲ့ဒါဆို ဘာလုပ်​မှာလဲ.?? ~

~ ငါတို့သီချင်းဆိုတိုင်း​ဆော့မယ်​​လေ ~

ကောင်​မ​လေးတစ်​​ယောက်​ရဲ့အ​မေးကိုရွှမ်​လုကပြန်​​ဖြေတယ်​။

~ စဉ်းစားကြည့်​... ​လေတဖြူးဖြူးတိုက်​​နေတဲ့ကမ်း​ခြေကမီးပုံပွဲ​လေး!သီချင်း​လေးနဲ့ဝိုင်​​လေး! အား....
ပြည့်​စုံလိုက်​မယ့်​ဖြစ်​ခြင်း!!~

စိတ်​ကူးယဉ်​ကာ​ပြောလာသည့်​မုန်​ကျီယိ!!
ဤတစ်​ခါတွင်​​တော့ အားလုံးက​ထောက်​ခံကြ​လေသည်​။
.
.
.
.
.
~ ကဲ စပါပီ ~

စကားအဆုံး​ဟောက်​ရွှမ်းကဝိုင်​ပုလင်းအလွတ်​ကိုလှည့်​လိုက်​တယ်​။ပုလင်းအဝညွှန်​ပြတဲ့လူကသီချင်းဆိုရမှာဖြစ်သည်!​ဂစ်​တာယူလာတဲ့​ဟောက်​ရွှမ်းကဆရာကြီးစတိုင်​ဖြင့်​ဒိုင်​လုပ်​ခြင်း!!

CHAY《completed》Where stories live. Discover now