Part-36📎📎📎

4.6K 441 11
                                    

~ အလုပ်လုပ်ရတာအဆင်ပြေလား,သား? ~

ရှောင်မိသားစုရဲ့ညနေစာထမင်းဝိုင်းလေး။တိတ်ဆိတ်နေတဲ့လေထုကိုစတင်ဖြိုခွဲလိုက်သူက‌ရှောင်ပါးပါး။

~ ဟုတ်,ပြေပါတယ် ပါး! ~

~ အင်း ~

ရှောင်းကျန့်ကိုအဖြေစကားကိုနားထောင်ရင်း ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်‌နေတဲ့‌ရှောင်ပါးပါးက တစ်စုံတစ်ခုကိုပြောသင့်လား?မပြောသင့်ဘူးလား?
ဆိုတာဝေခွဲနေဟန်။

~ ပါး ဘာပြောစရာရှိလို့လဲ?သားကိုအားမနာပါနဲ့!~

သူ့အဖေရဲ့အမူအရာကိုနားလည်လိုက်တဲ့ရှောင်းကျန့်ကစားလက်စထမင်းကိုလက်စသတ်လိုက်ပီး မေးလိုက်တာဖြစ်တယ်။

~ သား ပါးကုမ္ပဏီကိုဦးစီးသင့်ပီ! ~

~ ဗျာ! ~

ရုတ်တရပ်ပြောချလိုက်တဲ့ရှောင်ပါးပါးစကားက ရှောင်းကျန့်ကိုအလွန်အမင်းအံ့အားသင့်စေတယ်
အရင်ကတည်းကပါးပါးကအချိန်တန်ရင်
သူ့ကုမ္ပဏီကို ဦးစီးရမယ်လို့ပြောခဲ့ပေမယ့်...
ဒီလောက်ထိမြန်လိမ့်မယ်လို့သူမထင်ခဲ့မိ။

~သားလည်းနှစ်ဆယ့်‌လေးနှစ်ပြည့်‌တော့မှာ‌
ပဲ!သူများကုမ္ပဏီမှာအလုပ်လုပ်
နေတာထက်စာရင်ပါးကုမ္ပဏီမှာဦးစီးသင့်နေပီ ~

~ ဒါပေမယ့် ပါး,ဒီလောက်အစောကြီး... ~

ရှောင်ပါးပါးကလက်ကာပြရင်းရှောင်းကျန့်စကားကို ရပ်တန့်စေလိုက်တယ်။သားအဖနှစ်‌ယောက်ရဲ့‌ဆေွးး‌နွေးခန်းကို
ရှောင်မားမားကတော့ထမင်းစားရင်းနားစွင့်နေတယ်။

~ သားအခုအလုပ်လုပ်နေတဲ့ကုမ္ပဏီကCEO
ကသားနဲ့ရွယ်တူပဲဆို!သူ‌ဆိုနှစ်နှစ်လောက်ရှိနေပီမလား? ပါးလည်းအသက်ကြီးလာပီ။ကုမ္ပဏီကကိစ္စတွေကိုလည်းမဦးစီးချင်တော့ဘူး!
သားတို့လူငယ်တွေအချိန်ရောက်ပီ။ပါးပြောတာနားလည်တယ်မလား? ~

~ ဟုတ်,သားနားလည်ပါပီ ~

ငြင်းဆန်ဖို့မတတ်နိုင်တဲ့အဆုံး‌ရှောင်းကျန့်
လက်ခံလိုက်ရတော့တယ်။

~အဲ့တာဆိုမနက်ဖြန်ထွက်စာတင်လိုက်‌တော့,သား!အပြောင်းအ‌ရွေ့က
တစ်လ‌လောက်ကြာဦးမှာမလား?~

CHAY《completed》Where stories live. Discover now