part-22📎📎📎

7.3K 854 28
                                    

📎📎📎

💢​ဒေါက်​^​ဒေါက်

ရှောင်းကျန့်​တစ်​​ယောက်​ဝမ်​ရီ​ပေါ့်အားလိုက်​​ခေါ်ရန်​စဉ်းစား​နေစဉ်​ကြားလိုက်​ရ​သောတံခါး​ခေါက်​သံ​ကြောင့်​အခန်းတံခါးကိုသွားဖွင့်​လိုက်​သည်​။

~ Aww... ယွီပင်း!ဘာကိစ္စလဲ.?? ~

~ ဆရာမကည​နေ​ခြောက်​နာရီညစာစားမယ်​တဲ့!မှီ​အောင်​ကြိုလုပ်​ထားဦ ^ငါအဲ့တာလာ​ပြောတာ ~

~ အင်း ​ကျေးဇူးပဲ ~

~ အာ့ဆိုငါသွားပီ!သူများ​တွေလည်းလိုက်​​ပြောရဦ မှာ ~

~ အင်း ~

ယွီပင်းထွက်​သွား​တော့မှအခန်းတံခါးအားပိတ်​ကာအခန်းထဲပြန်​ဝင်​လာခဲ့သည်​။နာရီကိုကြည့်​မိ​တော့ ​လေးနာရီ​ကျော်​!* ဝမ်​ရီ​ပေါ့်ကိုသွား​ပြောဦ မှပါ​လေ *
ရှောင်းကျန့်​လည်းအခန်းထဲမှထွက်​ကာဝမ်​ရီ​ပေါ့်အားလိုက်​ရှာရ​တော့သည်​။
အခန်းမှထွက်​ပီးကြာကြာပင်​မရှာလိုက်​ရ​ချေ။ကမ်း​ခြေတွင်​မတ်​တပ်​ရပ်​​နေ​သောဝမ်​ရီ​ပေါ့်အားရှာ​တွေ့​လေသည်​။
သို့​သော်​ဝမ်​ရီ​ပေါ်တစ်​ဦ တည်းမဟုတ်​​ချေ။သူ့​ရှေ့တွင်​ရပ်​ကာသူနဲ့စကား​ပြော​နေ​သော​ကောင်​မ​လေးတစ်​​ယောက်​လည်းရှိ​နေ​သေးသည်​။
အနည်းငယ်​​ဝေး​နေ​သော​ကြောင့်​မည်​သူမှန်း​သေချာမမြင်​ရ။ထို့​ကြောင့်​​ရှေ့ကိုတိုးလိုက်ပီးအနီးနားရှိထန်းပင်အားကွယ်ရင်း​​​​​​ချောင်းကြည့်​မိသည်​။
* ဟင်​!ကျင်းအာပဲ!! သူတို့ကဒီမှာဘာလုပ်​​နေတာလဲ.??*
ရှောင်းကျန့်​ကြည့်​​နေရင်းမှပင်​ကျင်းအာကဖုန်းကို​ထောင်​ပြလာသည်။ထို့​နောက်​​စကားများ​ပြောကာဖုန်းကိုပြန်​ပြ​နေပြန်​သည်​။
*ကျင်းအာကဝမ်​ရီ​ပေါ့်ကိုဘာ​တွေပြ​နေတာလဲ.?? သူတို့ကဘာ​တွေလဲ.?? *
ရှောင်းကျန့်​ထိုမြင်​ကွင်းအားဆက်​ကြည့်​မ​နေ​တော့ဘဲလှည့်​ထွက်​လာခဲ့​တော့သည်​။စိတ်​ထဲတွင်​​တော့အ​ဖြေမရှိ​သောအ​တွေးများသာကြီးစိုး​နေလျက်​!
*ဝမ်​ရီ​ပေါ်ကကျင်းအာနဲ့ဘာ​တွေလဲ.??
သူကမုန်​ကျီယိကိုကြိုက်​​နေတာမဟုတ်​ဘူးလား.??
ဘာလို့ကျင်းအာနဲ့နှစ်​​ယောက်​တည်းစကား​ပြော​နေရတာလဲ?? ဝမ်​ရီ​ပေါ့်စိတ်​ထဲမှာဘာ​တွေရှိ​နေတာလဲ?*
ရှောင်းကျန့်​အ​တွေးများအား​တောင်​စဉ်​​ရေမရ​လျှောက်​​တွေး​နေရင်းမှတစ်​စုံတစ်​ခုကိုဆုံးရှုံးလိုက်​ရသလိုခံစားချက်​ကြီးဝင်​​ရောက်​လာခဲ့သည်​။
ဝမ်​ရီ​ပေါ်ကကျင်းအာနဲ့​ရည်းစားဖြစ်​​နေတာလား.??
ဘာလို့ ငါ့ကိုဘာမှမ​ပြောပြတာလဲ.??
ငါ့ကို သူတစ်​ကယ်​ပဲ...သူငယ်​ချင်းလိုမခင်​ခဲ့လို့လား.??
ငါ့ကိုသူထားခဲ့​တော့မှာလား.?? သူငယ်​ချင်းလိုဆက်​မ​ပေါင်း​တော့ဘဲနဲ့​လေ!!
ရှောင်းကျန့်​​စဉ်းစား​နေရင်းမှအမြင်​အာရုံများ​ဝေဝါးလာသည်​မို့မျက်​လုံးတို့ကိုမှိတ်​ချလိုက်​သည်​။
ပါးပြင်​​ပေါ်မှဖြတ်​၍​မြေပြင်​ပေါ်သို့​စီးကျသွားသောမျက်​ရည်​တစ်​စက်​၏အဓိပ္ပါယ်​အား​ရှောင်းကျန့်​နားမလည်​!!
* အာ... ငါ့မှာသူငယ်​ချင်းကသူတစ်​​ယောက်​ထဲမှမဟုတ်​တာ!ငို​နေရလား.?? အရူးကျ​နေတာပဲ!! *

CHAY《completed》Where stories live. Discover now