part-19📎📎📎

7.5K 817 27
                                    

📎📎📎

ဝမ်​ရီ​ပေါ်ဒီ​နေ့နံနက်​အ​စောကတည်းကစိတ်​လှုပ်​ရှား​နေမိသည်​။ကိုယ့်​crushနဲ့ခရီးအတူသွားရမည်​မဟုတ်​ပါ​လော... ပီး​တော့ခရီးကတစ်​ညအိပ်​!
ခရီးသွားရသည်​ကိုမကြိုက်​​သော်​လည်းယုန်​ဖြူ နှင့်​အတူရှိ​နေရမည့်​အချိန်​များအားစဉ်းစားမိလာ​သော​ကြောင့်​ဒီ​နေ့ခရီးအားအလွန်​​ပျော်​​နေမိသည်​။
တွေးရင်း​တွေးရင်းပင်​အ​ပျော်​များကမဖုံးဖိနိုင်​ဖြစ်​​နေ​ရသည်မို့မျက်​နှာထက်​တွင်​ပင်​အပြုံးများ​ဝေဆာ​နေသ​ည်​မှာဦ ​လေးကျိုးက​မေးသည်​အထိပင်​။ဦ ​လေးကျိုးသည်​ဝမ်​ရီ​ပေါ်တို့အိမ်​မှဒရိုင်​ဘာဖြစ်​သည်​။အသက်​​ငါးဆယ်​​ကျော်​​နေ​သော်​ငြားသွက်​လတ်​၍ရုပ်​ရည်​မှာခန့်​ငြား​နေဆဲပင်​။
အလုပ်​သမားနှင့်​အိမ်​ရှင်​ ခွဲခြားဆက်​ဆံ​လေ့မရှိ​သောဝမ်​အိမ်​​တော်​တွင်​အရင်းနှီးဆုံးနှင့်​အယုံကြည်​ရဆုံးအလုပ်​သမားပင်​ဖြစ်​သည်​။

~ အစ်​ကို​လေး ဒီ​နေ့ခရီးသွားရမှာ​တော်​​တော်​​ပျော်​​နေပုံပဲ ​ကောင်​မ​လေးနဲ့အတူသွားရမှာလား ~

~ မဟုတ်​ပါဘူး ဒီလိုပါပဲ ~

မျက်​လုံးထဲတွင်​​တော့​ရှေ့သွား​လေးနှစ်​​ချောင်း​ပေါ်​အောင်​ရယ်​ပြ​နေသည့်​​ကောင်​​လေးပုံရိပ်​ကကြီးစိုးလျက်​။

📎📎📎

~ ငါ ဘာထည့်​သွားသင့်​တာလဲ..?? ဝမ်​ရီ​ပေါ်ကဘာကြိုက်​တတ်​တာလဲ.?? အဲ့ဒါလည်းငါမသိဘူး^ သူမကြိုက်​တာ​တွေက​ရော.?? အား.... ဒုက္ခပဲ^ငါ ဘာမှလဲမသိပါလား.?? ခင်​တာပဲဒီ​လောက်​ကြာ​နေပီကို^ငါအ​တော်​အတာပဲ...
ငါနဲ့အကြိုက်​တူ​လောက်​လား..?? ငါစားတဲ့မုန့်​​တွေပဲထည့်​သွားရမလား..?? #$# ~

အ​မောင်​​ရှောင်းကျန့်​တစ်​​ယောက်​ခရီးသွားမည့်​နံနက်​တွင်​မုန့်​ပုံကြီး​ရှေ့တွင်​ထိုင်​ကာပွစိပွစိ​ရေရွတ်​​နေ​သည်​မှာတစ်​နာရီပင်​​ကျော်​​နေပီဖြစ်​သည်​။အကျီများနှင့်​လိုအပ်​​သောပစ္စည်းများကိုညကတည်းက​မေ​မေထည့်​​ပေးသွားသည်​မို့လုပ်​စရာမရှိ​တော့။ထို့​ကြောင့်​ဒရိုင်​ဘာဦ ​လေးကြီးအားမုန့်​များဝယ်​ခိုင်းကာ မုန့်​​ရွေးခြင်းလုပ်​ငန်းကို​အားကြိုးမာန်​တက်​​ဆောင်​ရွက်​​နေခြင်းပင်​။
အချိန်​အကြာကြီးစဉ်းစား​နေပီး​နောက်​ဆုံးတွင်​​တော့သူကြိုက်​တတ်​​သောမုန့်​များသာ​ကျောပိုးအိတ်​ထဲတွင်​​ပြည့်​သိပ်​စွာနေရာယူသွား​တော့သည်​။
*ငါကြိုက်​တာ​တွေပဲထည့်​​တော့မယ်​ သူမစားလည်းငါပဲစားတာ​ပေါ့ *

CHAY《completed》Where stories live. Discover now