Part-44<final>

8.3K 403 19
                                    


~ ညီမ,အဆင်ပြေရဲ့လား?!~

သူနာပြုအမမေးလာတဲ့စကားကိုခေါင်းရမ်းပီးသာဖြေမိတယ်။အဆင်မ‌ပြေပါဘူး!ဆိုပီးအော်ဟစ်နေလဲသူနဲ့မှမသက်ဆိုင်တာပဲ။အောက်နှုတ်ခမ်းကိုအသာကိုက်ရင်းခေါင်းအုံး‌ပေါ်ကိုမျက်နှာအပ်ချလိုက်တယ်။ဘယ်သူမှမမြင်တဲ့အရပ်မှာမျက်ရည်မြစ်‌လေး
လွတ်လပ်စွာစီးဆင်း‌စေ‌ပေါ့!!သူနာပြုမ‌လေးက‌တော့ကုတင်ဘေးစားပွဲပေါ်ကရွှေရောင်သန်းနေတဲ့ဖိတ်စာလေးကိုကြည့်ရင်းသက်ပြင်းဖွဖွချလိုက်တယ်။ချစ်ခြင်းတရား‌တွေ‌ပေးသူ၊ယူသူမညီမျှတဲ့အခါ
လူ‌တွေကနာကျင်ရစမြဲပဲ‌။ကံကြမ္မာကို
ဘယ်သူကများအနိုင်ရဖူးလို့လဲလေ!!


~ ယုန်ဖြူ!အကျီကိုကြယ်သီးသေချာတွယ်လေကွာ! ~

ပွဲချိန်လိုသေးတာမလို့အိပ်ခန်းထဲမှာထိုင်ပီး ရေခဲမုန့်စားနေတဲ့ရှောင်းကျန့်ကိုရိပေါ်ကလှမ်းပြောလိုက်တာဖြစ်တယ်။တကယ်‌တော့ဒီနေ့ကသူတို့နှစ်ယောက်အတွက်တစ်သက်မှာတစ်ခါပဲရှိတဲ့နေ့!!ဟုတ်ပါတယ်။
ဒီနေ့ကသူတို့နှစ်ယောက်လက်ထက်ပွဲနေ့ပါ။
ရှောင်းကျန့်ဆေးရုံကဆင်းလာပီးနောက်မှာ ရှောင်မားမားရဲ့စစ်ဆင်ရေးကအောင်မြင်ခဲ့တယ်။သားကိုအရမ်းချစ်ပီးအလိုလိုက်တဲ့ရှောင်ပါးပါးကသူ့သားကိုတစ်ဘဝလုံးတော့စိတ်မဆင်းရဲစေ
ချင်ပါဘူး။ဒါ့အပြင်…ရှောင်းကျန့်အမရဲ့
လှုံ့‌ဆော်မှုလည်းပါတာ‌ပေါ့‌လေ။ဒီလိုနဲ့ပဲ‌ဒီတစ်လလကုန်ပိုင်းအလုပ်အရမ်းများတော့မှာဆိုတဲ့ဝမ်အချေရဲ့စကားကြောင့် စောစောစီးစီးလက်ထပ်ဖို့ဖြစ်လာခဲ့သည်
ပေါ့လေ။အရမ်းရင်းနှီးတဲ့လူအနည်းငယ်သာ
ဖိတ်ပီးအကျဉ်းချုပ်လုပ်တဲ့ပွဲမလို့‌များများစားစားသိပ်မစီစဉ်ရ‌ပေ။လူနည်းတဲ့အပြင်ပွဲအပီး
တစ်ခါတည်းနေခဲ့လို့ရအောင်ဝမ်ရိပေါ်တစ်ယောက်တည်းနေနေတဲ့အိမ်မှာပွဲကိုစီစဉ်လိုက်ခြင်းပင်။
ပွဲချိန်လိုသေးတာမလို့ဝမ်ရိပေါ်ရဲ့အိပ်ခန်းထဲမှာ
ထိုင်စောင့်နေရတာဖြစ်တယ်။ဒါကိုအငြိမ်မနေနိုင်တဲ့သတိုးသားလောင်းရှောင်းကျန့်ကအကျီကျယ်သီးကိုနှစ်လုံးလောက်ဖြုတ်ကာမှန်တင်ခုံရှေ့တွင်ရင်ဘတ်တဟပြဲဖြင့်ရေခဲမုန့်ကိုထိုင်စားနေလေသည်။

CHAY《completed》Where stories live. Discover now