part-29📎📎📎

6.4K 676 10
                                    

~ ဟိုင်း ဘေဘီ!! ~

ကြားလိုက်ရသောပြောင်စပ်စပ်အသံကြောင့်ရှောင်းကျန့်အပေါက်ဝအားခေါင်းထောင်ကြည့်လိုက်မိသည်။

~ မင်း!! ~

~ ငါ့ကိုလွမ်းနေသေးလား?? ~

~ ဘယ်လိုလုပ်ပီးဒီကိုရောက်လာတာလဲ?? ~

~ အမေးတစ်ခြား၊အဖြေတစ်ခြားနဲ့ ~

ပွစိပွစိပြောရင်းဝမ်ဟောက်ရွှမ်းကအခန်းထဲသို့ဝင်လာကာထိုင်ခုံတွင်ဝင်ထိုင်သည်။

~ ပြောပါဦး!ငါ့တောင်အသိမပေးဘဲကျောင်းသွားတက်တဲ့အကြောင်းလေး ~

~ အာ...အခုငါပြန်လာပီပဲကို!! ~

ရှောင်းကျန့်အလုပ်စားပွဲမှထကာဟောက်ရွှမ်းနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံပေါ်သို့သွားထိုင်လိုက်သည်။

~ ငါမေးတာဖြေပါဦး!ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ??မင်းကဝန်ထမ်းလည်းမဟုတ်ပါဘူး!!ပီးတော့ငါဒီမှာရှိတာဘယ်လိုသိတာလဲ?? ~

~ မေးခွန်းတွေကများလိုက်တာ ရှောင်းကျန့်ရာ!!ဒီလိုကွာ ငါ့ပါးပါးကဒီကုမ္ပဏီမှာရှယ်ယာဝင်ထားတယ်!!ဝမ်ရီပေါ်နဲ့ငါကကျောင်းကတည်းကခင်လာတယ်ဆိုတော့ဆွေးနွေးတဲ့ကိစ္စတွေဆိုငါပဲဒီလာနေကြလေ!!မင်းဒီမှာအလုပ်ဝင်နေတယ်ဆိုတာတော့ယွီပင်းပြောလို့ငါသိရတာ! မင်းသိတယ်မလား??ဝမ်ရီပေါ်ကအေးစက်စက်နဲ့၊အလုပ်ကိစ္စကလွဲရင်ဘာမှမပြောဘူးကွ!! ဒါနဲ့... ~

ဝမ်ဟောက်ရွှမ်းရဲ့တွန့်ဆုတ်ဆုတ်အပြောကိုရှောင်းကျန့်ကဝင်ထောက်လိုက်သည်။

~ ဘာဒါနဲ့ လဲ?? ~

~ မင်းနဲ့ဝမ်ရီပေါ်... အခြေအနေဘယ်လိုရှိလဲ?? ~

~ ဘာကို မေးတာလဲ?? ဒီတိုင်းပါပဲ!! အဟင်း^ ~

နေ့လယ်ကကိစ္စကိုပြန်တွေးမိပီးရင်ပူသလိုဖြစ်လာတာမို့လည်ချောင်းတစ်ချက်ပင်ရှင်းလိုက်ရသည်။

~ ဘာကိုမေးရမှာလဲ??မင်းနဲ့ဝမ်ရီပေါ် ချစ်သူတွေဖြစ်နေကြပီလားလို့မေးတာ!! အမှန်အတိုင်းဖြေနော် ငါ့ကိုတော့လာလျိုမထားနဲ့!!ဝမ်ရီပေါ့်ကိုသွားမေးပစ်မှာ ~

ဟွင်း^ဟွင်း^ တစ်ရွှမ်းထဲရှိတဲ့ငါကွ ဝမ်ဟောက်ရွှမ်း!!
ကျောင်းကတည်းကအူတူတူဖြစ်နေတဲ့သူငယ်ချင်းကိုအလင်းပြလိုက်ပီ!!
တကယ်တည်း^တုံးကိုတုံးလွန်းတဲ့ရှောင်းကျန့်!!

CHAY《completed》Where stories live. Discover now