part-34📎📎📎

6.2K 620 17
                                    

~ သားကလူချောလေးပဲ ~

~ အာ... မဟုတ်တာ ~

ဝမ်ရိပေါ်အနေရခက်သလိုဖြစ်လာတာမို့ဂုတ်ကိုလက်နဲ့ပွတ်ရင်းရှောင်မားမားကိုပြုံးပြဖြစ်တယ်။
အင်းလေ!ယောက္ခမကြီးကချီးကျူးနေတာဆိုတော့လည်း^^

~ သားကလည်း ကြာလိုက်တာ သူငယ်ချင်းကိုအားနာစရာ ~

အားနာတဲ့အပြုံးလေးနဲ့ပြောနေတဲ့ရှောင်မားမား^
ဝမ်ရိပေါ်ရှောင်မားမားကိုပြုံးပြရင်းသူ့ရှေ့ချပေးထားတဲ့ရေခွက်လေးကိုမော့သောက်လိုက်တယ်။

^သူငယ်ချင်းမဟုတ်လို့အားနာစရာမလိုပါဘူး^ ဆိုတဲ့စကားလုံးကိုရေနဲ့ဗိုက်ထဲပြန်လျောချလိုက်တာဖြစ်တယ်။
မနေ့ကမှချစ်သူတွေဖြစ်တာလေ^ဒီနေ့ဖွင့်ပြောရင်မြန်လွန်းနေမယ်မလား??

အပေါ်ထပ်ကနေဆင်းလာတဲ့ဝမ်ရိပေါ့်ရဲ့ယုန်ဖြူလေး^ရှောင်မားမားရဲ့ဘေးမှာဝင်ထိုင်ရုံရှိသေး၊

~ သားရယ် အရမ်းကြာတာပဲ ~

ရှောင်မားမားကဆူသလိုလေးပြောလိုက်တာမို့နှုတ်ခမ်းဆူသွားတဲ့ဝမ်ရိပေါ့်ရဲ့ယုန်ပေါက်^^

~ ရပါတယ် မားရဲ့ ~

ယုန်ပေါက်ရဲ့လေဆာမျက်စောင်းရောက်မလာခင်ပဲဝမ်ရိပေါ်ဝင်ပြောလိုက်ရတယ်။
မနေ့ညကအိမ်ပြန်လိုက်ပို့ကတည်းကရှောင်းကျန့်ကမနက်လာမကြိုနဲ့လို့မှာခဲ့တာ^^
ဒါကိုမိုးလင်းလင်းချင်းဝမ်ရိပေါ်ကသူ့အိမ်ကိုရောက်ချလာတယ်^^
*ဝမ်ရိပေါ်ကစကားအရမ်းနားထောင်တာပဲ^^*

အခုလည်းသူလာကြိုလို့မြန်မြန်ပြင်ဆင်နေရတဲ့ရှောင်းကျန့်ကသူ့ကိုစိတ်ဆိုးတော့မှာဖြစ်တယ်။
*ငါသိတယ်^အပေါ်ကဆင်းလာကတည်းကငါ့ကိုမကြည့်တာ^^ချော့ပေဦးတော့ပဲ^^*

~ မား အာ့ဆိုသားသွားတော့မယ် ~

~ ဟုတ်သားပဲ သားတို့အလုပ်နောက်ကျနေဦးမယ် သွားလေ ~

~ ဟုတ် မား သားသွားပီနော်~

~ သွားလိုက်ပါဦးမယ် မား ~

~ အေးအေး ဖြေးဖြေးမောင်းသွားကြ ~

~ ဟုတ်ကဲ့ ~

ရှောင်မားမားကိုနှုတ်ဆက်ပီးနှစ်ယောက်သားကားထဲကိုဝင်ထိုင်လိုက်ကြတယ်။

CHAY《completed》Where stories live. Discover now