part-31

6.6K 722 14
                                    

ဝမ်ရီပေါ်အခန်းထဲတွင်ရှေ့လျှောက်နောက်လျှောက်ဖြင့်ဂနာမငြိမ်ဖြစ်နေသည်။
ညစာစားတုန်းကရှောင်းကျန့်ဟောက်ရွှမ်းကားနှင့်လိုက်သွားသည်ကိုတွေးမိပီးဘာဖြစ်သွားမှန်းလည်းမိမိကိုယ်မိမိမသိပါ!!ရှောင်းကျန့်အားအိမ်သို့ခေါ်လာမိသည်လေ^^
ဘာပဲဖြစ်ဖြစ်ပေါ့^မနက်ဖြန်တော့ပြန်ပို့ရမှာပဲလေ!
* ဟူး^ *
ဝမ်ရီပေါ်သက်ပြင်းတစ်ချက်ချမိသွားတယ်။
*သူအကြာကြီးစောင့်ခဲ့ပီးပီပဲ^ဘယ်အချိန်မှ ရှောင်းကျန့်ကသူ့ရဲ့အချစ်တွေကိုလက်ခံမှာလဲ??ရှောင်းကျန့်မျက်ဝန်းတွေကိုသူဖတ်နိုင်နေတာပဲ^ဒါပေမဲ့ ဘာလို့?? *
ဝမ်ရီပေါ်စိတ်ထဲမွန်းကြပ်လာသလိုဖြစ်လာတာမို့သူ့ရဲ့သီးသန့်အခန်းလေးဆီသွားဖို့အပေါ်ထပ်ကိုတက်လာခဲ့လိုက်တယ်။
သူ့ရဲ့သီးသန့်အခန်းလေး^သူချစ်ရတဲ့သူ့ယုန်ဖြူလေးရဲ့ကိုယ်ပွားလေးတွေရှိတဲ့အခန်းလေး^^
အပေါ်ထပ်ထောင့်နားကအခန်းလေး^တံခါးပွင့်နေတယ်!!

~ ရှောင်းကျန့်^^ ~

ဝမ်ရီပေါ်တုန်လှုပ်စွာနဲ့ပဲခေါ်လိုက်ရတယ်။တွေ့သွားပီပဲ^^အရာအားလုံးကို!!
အထက်တန်းပထမနှစ်ကနေအခုထိသူ့ရဲ့ရူးသွပ်မှုတွေကိုလေ^^

ရုတ်တရပ်ပဲသူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ရှောင်းကျန့်ကြောင့်ဝမ်ရီပေါ်ကြောင်အသွားရတယ်။

~ တောင်းပန်ပါတယ်^^ ငါ... တစ်ကယ်ကို
တောင်းပန်ပါတယ်^^ တုံးအခဲ့မိလို့... မမြင်နိုင်ခဲ့လို့...တစ်ကယ်ကို တောင်းပန်ပါတယ် ~

သူ့ကိုတင်းကြပ်အောင်ဖက်ထားရင်းစကားတွေတရစပ်ပြောနေတဲ့သူ့ရဲ့ယုန်ဖြူလေး^^
စကားတွေသိပ်မသဲကွဲပုံထောက်ရင် ငိုနေတာလား??သူ့ယုန်ဖြူ ကငိုနေတယ်!!
ဝမ်ရီပေါ်ရှောင်းကျန့်ငိုနေတာကိုချော့ချင်လို့သူ့ကိုဆွဲခွာပေမယ့်ပိုတိုးလို့ဖက်နေတဲ့ရှောင်းကျန့်ကြောင့်ဝမ်ရီပေါ်လက်လျော့လိုက်ရတယ်။

~ ငါ့ကို မမုန်းပါနဲ့!မင်းအနားကလည်းထွက်မသွားဘူး^တစ်သက်လုံးနေပေးမယ် ချစ်တယ်^
ဝမ်ရီပေါ် ငါမင်းကိုချစ်တယ်^^ ~

~ အင်း ငါရောပဲ^ ချစ်တယ် ~

ဝမ်ရီပေါ်အလိုက်သင့်လေးပြန်ဖြေပေးပီးသူ့ယုန်ဖြူကိုတင်းနေအောင်ပြန်ဖက်လိုက်တယ်။
ပျော်ရွှင်မှုအထိမ်းအမှတ်အနေနဲ့ဝမ်ရီပေါ့်မျက်ဝန်းထဲကနေမျက်ရည်တစ်စက်ခုန်ဆင်းလာတယ်။
နောက်ဆုံးတော့ယုန်ဖြူကသူ့အချစ်တွေကိုမြင်ခဲ့ပီ^^

CHAY《completed》Where stories live. Discover now