LOVE AT FIRST SIGHT

3K 204 8
                                    

မနေ့ညကမားမားလာ‌ပေးသွားတဲ့‌ကျောင်းဝတ်စုံကိုကြည့်ရင်းဝမ်ရိ‌ပေါ်ကခေါင်းတခါခါဖြစ်နေတယ်။ဘာလို့ဆို...သူအဲ့‌ကျောင်းကိုမတက်
ချင်လို့။အ‌ကြောင်းအရင်း‌တော့မရှိ‌ပေမယ့်‌
ကျောင်းအတူတူချင်းကိုဟိုက‌နေဒီကူးသူမလုပ်ချင်ဘူး။အလကားအချိန်ကုန်တာ။
ပညာ‌ရေးဝန်ကြီးဖြစ်တဲ့ပါးပါးကအရင်‌
ကျောင်းကိုသိပ်သ‌ဘောမကျတာမလို့
ဝမ်ရိ‌ပေါ်က‌ကျောင်း‌ပြောင်းဖို့ဖြစ်လာရတာ။
သုံးပတ်မြောက်မှာကျောင်း‌စ‌ပြောင်းတာ‌
ပေမယ့်ရိ‌ပေါ်အတွက်‌တော့အခက်အခဲမရှိ။ဘာလို့ဆိုသူကအရင်‌ကျောင်းကတည်း‌က
ထူးချွန်‌ကျောင်းသားဖြစ်ခဲ့လို့။
ရိပေါ်ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲကျောင်း
ဝတ်စုံကို‌ကောက်ဝတ်လိုက်‌တယ်။အကျိုးမရှိဘဲ
အချိန်ဖြုန်းရတာသူမကြိုက်‌သော‌ကြောင့်ပင်။

~ ဒီကျောင်းအသစ်ကဘယ်လိုလဲမသိဘူး?!ငါတော့စိတ်လှုပ်ရှားနေပီ ~

ဘေးကနေပွစိပွစိရေရွတ်နေတဲ့ကောင်လေးကို
ရိပေါ်ကတစ်ချက်ကြည့်တယ်။ရုပ်ရည်ခပ်‌ချော‌
ချောနဲ့သန့်သန့်ပြန့်ပြန့်ပုံကိုကြည့်ပီး‌ရွှေဘုံစံ‌
လေးလို့‌ကောက်ချက်ချလိုက်တယ်။အခုသူတို့က‌ကျောင်းအုပ်ရုံးခန်း‌ရှေ့ကထိုင်ခုံမှာ။‌ကျောင်းပြောင်းခွင့်လျှောက်လွှာ‌တွေ
ကိုကျောင်းအုပ်ကြီးကစစ်ဆေးပီး‌တော့မှစာသင်
ခန်းနံပါတ်ကိုပြောလိုက်တာကြောင့်အခန်းဆီကို နှစ်ယောက်သားလျှောက်လာကြ‌တယ်။ဆရာမကြီးအပြောအရဆိုသူနဲ့အတူ‌ကျောင်း‌
ပြောင်းလာတဲ့ကောင်လေးနာမည်ကကျင်းဇီရွှမ်။စာသင်ခန်းကိုလာတဲ့လမ်းမှာတွေ့ရတဲ့အခန်း
ပုံစံတွေ၊ကျောင်းသား,ကျောင်းသူတွေကို
ကြည့်ရင်းဒီကျောင်းကပါးပါးပြောသလိုကောင်းလောက်ပါတယ်လို့မှတ်ချက်ချမိတယ်။

~ ဆရာမ ~

အခန်းရှေ့ရောက်တော့ကျင်းဇီရွှမ်ကဆရာမကို
နှုတ်ဆက်ပီးဝင်ခွင့်‌တောင်းလိုက်တယ်။ထွက်‌ပေါ်လာတဲ့မိန်းက‌လေး‌‌တွေရဲ့အသံ‌တွေ‌
ကြောင့်သူ့စိတ်ထဲအလိုမကျဖြစ်သွားရတယ်။

~ ဪသားတို့ဝင်ခဲ့ကြလေ ~

‌ဆရာမရဲ့ခွင့်ပြုချက်ရမှနှစ်ယောက်သားအခန်းထဲဝင်လာလိုက်ကြသည်။အခန်းထဲ‌ရောက်‌
ရောက်ချင်းသူ့အာရုံကိုဖမ်းစားသွားနိုင်တဲ့အရာက....ယောကျာ်း‌လေးတစ်‌ယောက်။ဝင်လာသောသူတို့နှစ်‌ယောက်အားတစ်ခဏမျှ
ပင်မော့မကြည့်....ပါးစပ်ကတလှုပ်လှုပ်လုပ်‌နေကာသူ့စာအုပ်ကိုသာလှန်‌လှော၍ဂရုတစိုက်
ကြည့်‌နေ‌သည်။ဆံပင်များကိုသပ်တင်ထား
သော်လည်းတချို့တဝက်ကတော့နဖူးပေါ်တွင်သာဝေ့ဝဲကျနေလေသည်။ခေါင်းကငုံ့နေတာ
မလို့မျက်နှာကိုသေချာမမြင်ရသော်ငြား နှာတံစင်းစင်းလေးနှင့်ပန်းရောင်နှုတ်ခမ်းကိုတော့ဖြင့် ဝမ်ရိပေါ်ကအသေအချာပင်မြင်နေရသည်။
ဒုတ်^ဒုတ်^ဒုတ်^
ထိုကောင်လေးကိုငေးနေရင်းမှအခုန်မြန်လာတဲ့
ရင်ဘတ်ကြောင့်ရိပေါ်ကယောင်ယမ်းပီးအသက်တောင်အောင့်လိုက်မိတယ်။
*ဘာလဲ?!ငါအခုကောင်လေးတစ်ယောက်ကြောင့်
ရင်ခုန်သွားတာလား?!*

You've reached the end of published parts.

⏰ Last updated: Jun 16, 2020 ⏰

Add this story to your Library to get notified about new parts!

CHAY《completed》Where stories live. Discover now