Part 0

22.5K 628 25
                                    

Wang yibo

အနုပညာကျောင်းရဲ့dancing kingတစ်ယောက်
ရုပ်ရည်ချောမောပြီးစကားကိုဘုကန့်လန့်ပြောတတ်သူ
မိန်းကလေးများသည်းသည်းလှုပ်အရေးပေးခြင်းခံရသူ
သို့သော်မည်သူ့ကိုမျှစိတ်မဝင်စားဘဲဘာသိဘာသာနေတတ်သူ
စကိတ်စီးကျွမ်းကျင်ပြီးရေကူးရခြင်းကိုလည်းနှစ်သက်သူ
ဆိုင်ကယ်စီးခြင်းကိုအထူးဝါသနာပါသူ

Xiao zhan

အနုပညာကျောင်းကိုပြောင်းလာပြီးသူစိတ်ဝင်စားတဲ့ဂီတကိုသင်ယူဖို့ရောက်လာသူ
မသိတဲ့သူနဲ့ဆိုရိုးအေးပြီးသိတဲ့သူတွေနဲ့ဆိုမျောက်ရှုံးအောင်ဆော့သူ
မိန်းကလေးများသာတတ်ကျွမ်းသည့်အချို့ကိစ္စများကိုသူကပိုကျွမ်းကျင်အောင်လုပ်နိုင်သူ
သူများအပေါ်အားနာတတ်ပြီးအရမ်းလည်းသည်းခံတတ်သူ
ပုံတုံးတုံးမပြင်မဆင်ဘဲနေတတ်သူ
ရုပ်ချောတဲ့အထဲပါပေမယ့်အလှအပကိုစိတ်မဝင်းစားတာကြောင့်တစ်ကျောင်းလုံးအချောစာရင်းတွင်သုညရထားသူ

Han art musical schoolသည်တရုတ်နိုင်ငံ၏အထက်တန်းတက္ကသိုလ်များတွင်အကောင်းဆုံးစာရင်းဝင်သည့်ကျောင်းတစ်ကျောင်းဖြစ်သည်။ကျောင်းသားကျောင်းသူများရဲ့အရည်အချင်းနဲ့ရုပ်ရည်များကလည်းထိပ်ဆုံးတွင်ရှိသည်။တစ်နေ့ကျောင်းကိုWang yiboဆိုတဲ့ကျောင်းသားတစ်ယောက်ရောက်လာသည်။နတ်ဘုရားလိုချောမောလှပသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးအဘက်ဘက်ကပြည့်စုံတဲ့သူဖြစ်တာကြောင့်မိန်းကလေးအားလုံး၏နှလုံးသားကိုသိမ်းပိုက်ထားနိုင်သူပင်။အရာရာကိုစနစ်တကျလုပ်တတ်ပေမယ့်ဆက်ဆံရေးတွင်အားနည်းသည်။စကားကိုတစ်နေ့နေလို့ဆယ်ခွန်းပြည့်အောင်ပင်မပြော။
ဒါပေမယ့်သူ့ဘဝကိုပြောင်းလဲပေးမယ့်လူသားတစ်ယောက်ကျောင်းကိုရောက်ရှိလာတဲ့အချိန်မှာတော့.......

Xiao zhanကကျောင်းရဲ့အချောစာရင်းတွင်သုည
စိတ်ထားကောင်းမှုကတော့တစ်ကျောင်းလုံးရဲ့ထိပ်ဆုံးမှာရှိသည်။အရာရာကိုအကောင်းမြင်စိတ်ထားပြီးခွင့်လွှတ်တတ်သည်။
အချစ်ဆုံးသူငယ်ချင်းများကိုသာခင်တွယ်ပြီးထိုသူတွေကိုအရမ်းအရေးပေးသည်။ သူငယ်ချင်းတွေကချောလှသလောက်သူ့ပုံစံကသာမန်ပင်။
လှပတဲ့မျက်နှာလေးကိုဆံပင်စုတ်ဖွားမျက်မှန်တို့ကဖျက်စီးခြင်းကိုခံနေရသူ။
တစ်နေ့မှာတော့သူ့ရဲ့ပုံစံကိုပြောင်းလဲသွားစေမယ့်လူတစ်ယောက်ကိုသူတွေ့ခဲ့ရသည်။အရာရာကိုပြီးပြည့်စုံနေအောင်လုပ်တတ်တဲ့သူ နတ်ဘုရားတစ်ပါးလိုကြည့်ကောင်းတဲ့သူ
မထင်မှတ်ဘဲအထင်လွဲစရာအကြောင်းများသူတို့နှစ်ဦးထံရောက်ရှိလာတဲ့အခါမှာတော့......

Xiao zhanလိုစိတ်သဘောထားကောင်းမွန်တဲ့သူနဲ့Wang yiboလိုရေခဲတုံးမျက်နှာနဲ့မာနကြီးတဲ့ကျောင်းရဲ့နတ်ဘုရားတစ်ပါးတွေ့ဆုံတဲ့အချိန်မှာတော့......

ဘာတွေဆက်ဖြစ်ကြမလဲ နှလုံးသားခြင်းနီးစပ်သွားမလား
အထင်လွဲမှုတွေနဲ့ဝေးကွာသွားမလားဆိုတာကိုတော့

နှလုံးသားရဲ့ချစ်သံစဉ်ficလေးမှာစောင့်မျှော်ဖတ်ရှု့ပေးကြပါနော်။    Coming Soon💗💗💗💗💗

နှလုံးသားရဲ့ချစ်သံစဉ်Where stories live. Discover now