လူတစ်ယောက်ကရုတ်တရက်ပြောင်းလဲရင်သေရမယ့်အချိန်နီးလာလို့ဆိုတဲ့စကားကိုxiao zhanကြားယောင်လာသည်။အခုလည်းသူ့လက်ကိုဆွဲကာဆိုင်ထဲကခေါ်ထုတ်လာတဲ့yiboကိုကြည့်ပြီးသူမဟုတ်တဲ့အတွေးဝင်လာသည်။
"Yibo နေမကောင်းလို့များဒီလိုဖြစ်နေတာလား?''
Xiaozhanရဲ့အတွေးတွေကနယ်ချဲ့လာပြီးyiboကိုထူးဆန်းသလိုကြည့်လိုက်သည်။
"Wang yiboမင်းဘယ်ထိသွားနေမှာလဲ ငါတို့ကားကရှေ့တင်''
Zhuochengကအပြေးလာပြီးပြောမှသူ့လက်ကိုကိုင်ထားတဲ့လက်ကလည်းပြေလျော့သွားသည်။
"ငါ ငါဒီပုံစံနဲ့ကျောင်းမသွားချင်ဘူး''
Xiaozhanသူ့ကိုသူယုံကြည်မှုမရှိသလိုသူ့အတန်းကလူတွေကိုလည်းဒီပုံစံမတွေ့စေချင်တာကြောင့်သူအိမ်ပြန်မယ့်စကားပြောလိုက်သည်။
"ငါအိမ်အရင်ပြန်လို့ရမလား''
"မရဘူး မင်းကိုအန်တီကသူ့ရှေ့ကိုပြန်ခေါ်လာဖို့မှာထားတယ်''
"ငါမသွားချင်ဘူးမင်းတို့်ဘဲသွားတော့''
Yiboသူ့ရှေ့ကလူသားကိုကြည့်ပြီးကိုင်စောင့်ချင်စိတ်ကိုထိန်းလိုက်သည်။
"Xiaozhanမင်းအခုလိုဖြစ်နေတာဘာကြောင့်လဲဆိုတာငါတို့သိပြီးပြီ မင်းအဲ့ကောင်မလေးစကားကိုဘယ်အချိန်ထိအတည်ယူနေမှာလဲ''
"ဟုတ်တယ် မင်းကအဲ့လောက်ပိန်းရလား''
"မင်းတို့ငါ့ကိုအဲ့လိုဖဲ့မနေနဲ့ ငါ ငါကဘာလို့သူပြောတာကိုခံစားနေရမှာလဲ လာကျောင်းပြန်သွားမယ်''
Xiaozhanလည်းရှက်ရှက်နဲ့ပေါ်တင်ငြင်းလိုက်ပြီးသူ့ခြေလှမ်းများကိုကျောင်းရှိရာသို့လှမ်းလိုက်သည်။
"မင်းကလမ်းလျှောက်သွားမလို့လား''
"ကြောင်တောင်တောင်နဲ့ ကားပေါ်တက်''
အအော်ခံလိုက်ရတဲ့xiaozhanခမျာမြန်မြန်ပင်ကားထဲဝင်ထိုင်လိုက်သည်။
"ဟင်ဟိုမှာ ငါတို့အတန်းကိုအတန်းသားအသစ်ရောက်လာတာလား''