Zawgyi version
♥♥♥♥♥♥♥♥♥♥♥♥♥အရာရာကိုအကောင်းမြင်စိတ်နဲ့သူ့ဘဝကိုအကောင်းမွန်ဆုံးနေထိုင်ခဲ့ပေမယ့်အခုလက်ရှိမှာတော့သူ့ရဲ့အကောင်းမြင်စိတ်ကလေးသည်ပျောက်ကွယ်နေပြီဖြစ်သည်။
သူ့ရဲ့လုပ်ရပ်ကမှားနေမှန်းသူနားလည်ပါသည်။သို့သော်သူအမှန်ကန်ဆုံးနည်းကိုသာဆုံးဖြတ်ပြီးလုပ်ခဲ့သည်။
အဲ့လုပ်ရပ်အတွက်သူနောင်တအနည်းငယ်မျှမရချေ။
"ငါမင်းတို့ကိုအမြဲသတိရနေမှာပါ ပါးနဲ့မား ကျွန်တော့်လိုသားကိုမေ့ပြီးသားအရင်းနဲ့ပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းပါ ဒါကျွန်တော့်ရဲ့မသေခင်နောက်ဆုံးဆန္ဒလေးပါ''
ရှောင်းကျန့် ဘေကျင်းကသူ့အိမ်ကိုပြန်ရောက်နေခြင်းပင်။သူ့အခန်းထဲရှိအဂတ်များကိုထုတ်ယူပြီးခရီးဆောင်အိတ်ထဲထည့်လိုက်သည်။
"ဒီနေ့ကစပြီးဒီအိမ်ကငါနဲ့မသက်ဆိုင်တော့သလို ပါးနဲ့မားရဲ့သားကလည်းငါမဟုတ်တော့ဘူး ငါကသူစိမ်းဖြစ်သွားပြီ''
ရှောင်းကျန့်အဲ့စကားတွေပြောနေရင်းကလေးငယ်တစ်ယောက်လိုငိုကြွေးလိုက်သည်။
အားရအောင်ငိုလို့အပြီးမှာတော့သူ့လက်ထဲက စာလေးကိုငယ်ငယ်ကသူပစ္စည်းတွေပုံးနေကျနေရာဖြစ်တဲ့တံခါးဘေးက အလှပန်းအိုးထားတဲ့နေရာလေးမှာထားလိုက်သည်။
"ဒီစာကို တွေ့ဖို့မမျှော်လင့်ပါဘူး ဒါပေမယ့်အနည်းဆုံးတော့ ပါးနဲ့မားဒီနေရာကိုသတိပြုမိရင်စာလေးကိုဖတ်ပေးပါ ဒီထဲမှာ အရာအားလုံးကိုသားရေးထားတယ် ဘာလို့ဒီလိုလုပ်ရလဲဆိုတဲ့အကြောင်းတွေကိုပေါ့ ပြီးတော့သားဘဝရဲ့အချစ်ရဆုံးပါးနဲ့မားပြီးရင် သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့သားရဲ့နှလုံးသားအကြောင်းရော ဒီစာလေးကိုတွေ့ခဲ့မိရင်သားကဒီလောကကြီးမှာအသက်ရှင်နေနိုင်ဦးမလားမသေချာတော့လို စာလေးကိုအရှက်ကင်းမဲ့စွာနဲ့ရေးခဲ့ပါတာ''
ရှောင်းကျန့်စာလေးကိုအိတ်နဲ့သေချာပိတ်လိုက်ပြီးပန်းအိုးထဲထည့်လိုက်သည်။အပင်နဲ့ကွယ်နေတာကြောင့်သေချာမမြင်ရတာသေချာမှသူပြုံးလိုက်သည်။