Zawgyi version
"မင်းတို့က....ကားတစ်စီးလား''
ကားပါကင်ရောက်တော့ရှောင်ယန်ကမေးလိုက်တာကြောင့်ရိပေါ်ခေါင်းညိမ့်လိုက်သည်။
"မင်းသေချာလား..အတွင်းရေးမှူးမခေါ်ဘူးဆိုတာ''
"သေချာတယ်...ပြီးတော့သူပါရင်ဝန်ထမ်းတွေကငါ့ကိုသိသွားကြလိမ့်မယ်...''
"ဝမ်ရိပေါ်...မင်းကလေ''
ကျိုးချန်ကမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကားထဲဝင်လိုက်သည်။
"ငါမောင်းပေးရမလား''
ရှောင်းကျန့်ကားထဲမဝင်ခင်မေးလိုက်သည်။CEOမောင်းတဲ့ကားကိုသူမစီးရဲပေ။
"ငါမောင်းမယ်....''
"ငါမောင်းလည်းရပါတယ်''
"မင်းကငါ့ဘေးကထိုင်လိုက်လာရင်ရပြီ''
ရိပေါ်ရဲ့အေးစက်လှတဲ့အသံကြောင့်ရှောင်းကျန့်ဘာမှမပြောရဲတော့ဘဲကားထဲဝင်ထိုင်လိုက်သည်။
"ရှောင်ယန်....ငါမနေ့ကပါးနဲ့စကားပြောဖြစ်တယ်..
သူလည်းရှောင်းကျန့်အကြောင်းသိသွားပြီ...အခုသူရှောင်းကျန့်နဲ့တွေ့ချင်နေတယ်''ကျိုးချန်မနေ့ကအကြောင်းအားရှောင်ယန်ကိုပြောပြကာ
အကြံတောင်းလိုက်သည်။"ပါးနဲ့မားလည်း..အတူတူဘဲ...ငါကခဏလေးစောင့်ပေး
ပါလို့အတင်းတားထားရတာ''"ဦးလေးဝမ်လည်းသိသွားပြီ''
"ဘာ...ဘယ်လိုသိသွားတာလဲ''
"ငါ့ပါးပြောပြလိုက်တာ...ရှောင်ယန်''
ရှောင်ယန်သက်ပြင်းချလိုက်သည်။အခုတော့သူနဲ့ရှောင်းကျန့်ဖုံးကွယ်ထားတဲ့ကိစ္စကအားလုံးသိသွားကြလေပြီ။
"သိသွားကြတော့လည်းကောင်းတာပေါ့...ရှောင်းကျန့်
ခံစားနေရတာတွေကအခုချိန်ပြီးဆုံးသွားသင့်ပြီ''ကျိုးချန်ကသူတို့ရှေ့ကတရိပ်ရိပ်သွားနေတဲ့ကားလေးကို
ကြည့်ပြီးပြောလိုက်သည်။"အခုရိပေါ်သိဖို့ဘဲလိုတော့တယ်...''
"ကျိုးချန်...ငါ့ကိုပြောပြမယ်ဆိုတဲ့ရိပေါ်အမေကိစ္စ''