Zawgyi version
လူတွေအားလုံးရဲ့အာရုံက...စင်မြင့်ပေါ်ရှိရိပေါ်ထံသို့
ကျရောက်နေသည်။....ငယ်ရွယ်ချောမောလှတဲ့လူသားကိုကြည့်နေကြပြီး..သူတို့စိတ်ထဲတွင်..သားမက်တော်ရန်ကြံစည်နေကြသူများရှိသလို...မိတ်ဆွေဖြစ်လာရန်ရည်ရွယ်ကြသူများလည်းရှိသည်။...ထိုအချိန်..စကားသံအေးစက်စက်ကထွက်ပေါ်လာသည်။"ဒီနေ့ကြွရောက်လာကြတဲ့လူကြီးမင်းတို့အားလုံးကို
ကျေးဇူးတင်ပါတယ်...ကုမ္ပဏီနှစ်ပတ်လည်နေ့မှာကျွန်တော်တို့နောက်ထပ် supriseတစ်ခုလုပ်ထားပါသေးတယ်...အချိန်ကျရင်သိရမှာမလို့အားလုံးကစိတ်ပါဝင်စားစွာစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်....ပျော်ရွင်စရာအချိန်ကောင်းလေးပိုင်ဆိုင်နိုင်ပါစေ....Cheer''ရိပေါ်သူ့လက်ထဲကဝိုင်ခွက်ကိုမြှောက်လိုက်ပြီးအားလုံး
နဲ့တူတူသောက်လိုက်သည်။...သူ့မျက်လုံးများကတော့တစ်စုံတစ်ယောက်ကိုရှာဖွေနေလေသည်။"ရှောင်းကျန့်မရောက်သေးဘူးလား...CEOဝမ်''
ရိပေါ်ကိုအသက်ကြီးကြီးလူတစ်ယောက်ကစကားလာပြောရင်းရှောင်းကျန့်ကိုမေးလိုက်တာကြောင့်ကြည့်လိုက်တော့...မနေ့ကရောက်လာတဲ့ဦးလေးဝမ်ရဲ့အတွင်းရေးမှူးဖြစ်နေတာကြောင့်ရိပေါ်ပြန်ဖြေလိုက်သည်။
"မရောက်သေးဘူး...ဘာဖြစ်လို့လဲ..ဦးလေးလီ''
ရိပေါ်ရင်းရင်းနှီးနှီးမေးလိုက်တော့....
"သူ့ဦးလေးက...ရှောင်းကျန့်ကိုတွေ့ရင်ဒါလေးပေးပေးပါဆိုလို့''
ရိပေါ်က..ဖြန့်ထားတဲ့လက်ပေါ်ကြည့်လိုက်တော့...
ဘဏ်ကတ်တစ်ခုကိုတွေ့လိုက်ရသည်။....Black cardဖြစ်တာကြောင့်..ဦးလေးဝူကရှောင်းကျန့်အပေါ်ဘာလို့အဲ့လောက်ကောင်းနေရတာလဲလို့သူတွေးလိုက်မိသည်။"ဟင်....ဟိုမှာ''
ဦးလေးလီ...ခေါင်းစောင်းရာသို့သူကြည့်လိုက်တော့...တစ်ယောက်ယောက်ကိုရှာနေပုံရသည့်ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။....အပြာရောင် suitကိုအကျအနဝတ်ဆင်ထားပြီးပုံမှန်ခပ်အုပ်အုပ်ခံပင်ကိုလှန်တင်ထားကာ...ပုံစံသွင်းထားသည်။သွယ်လျတဲ့ကိုယ်လုံးကဝတ်လာတဲ့ဝတ်စုံနဲ့ကွက်တိကျကာသပ်ရပ်လှပနေလေသည်။