ခမ်းနားသောအပြင်အဆင်များနှင့် အခန်းအတွင်းသို့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ဝင်လာပြီးနောက် အခန်း၏အလယ်၌တည်ရှိသော ကုတင်ပေါ်သို့ တစ်ချက်ကြည့်လေသည်။ နှစ်ယောက်ထက်မနည်း အိပ်စက်၍ရနိုင်သော ထိုကုတင်ပေါ်၌ အမျိုးသားငယ်တစ်ဦး မျက်စိမှိတ်လျက် လှဲလျောင်းနေပြီး သူ၏လက်တွင်ချိတ်ထားသော ဆေးပိုက်တစ်ခုရှိနေ၏။
ထိုအမျိုးသားငယ်အိပ်စက်နေသည်မှာ တစ်ပတ်ထက်မနည်းတော့။ အဘယ်သို့သော အကြောင်းအရာမျိုးက သူ့ကိုအိပ်ဆေးသောက်သေရန်အထိ ဖိအားပေးခဲ့မှန်း အမျိုးသမီးစဉ်းစား၍မရနိုင်။
သူမကလည်း အမျိုးသားငယ် သတိမေ့နေစဉ်အတွင်းမှရောက်လာသော အိမ်အကူဖြစ်သည့်အလျောက် မည်သည့်အချက်အလက်မှမသိရသလို ၊ သူမဘက်ကလည်း စိတ်ဝင်တစားမေးမြန်းကြည့်ခြင်းမပြုပေ။ လူဆိုတာက ကိုယ့်စည်းနှင့်ကိုယ်နေနိုင်လျှင် အကောင်းဆုံးမဟုတ်လား။
နက်ပြာရောင်ဝတ်စုံပြည့်နှင့် ထိုအမျိုးသမီးက ခါတိုင်းကဲ့သို့ပင် သန့်ရှင်းရေးလုပ်ရန်ဝင်လာခဲ့သည်ဖြစ်ရာ ကုတင်ပေါ်ရှိအမျိုးသားငယ်ဆီသို့ တစ်ချက်အကြည့်ရောက်မိသောအခါ သူမ၏ အံ့သြမှုတို့မြင့်တက်လာပြီး ကုတင်ရှိရာသို့ ပြေးသွားလိုက်လေသည်။
အစ်ကိုလေး သတိရလာပြီ။ ဒါဝမ်းသာစရာပဲ။
မျက်လုံးပွင့်လျက် ဟိုဟိုဒီဒီကြည့်နေသော အမျိုးသားငယ်ကို မြင်သောအခါ အမျိုးသမီးက ပြူးပြာလျက် သူမ၏လက်မှကြက်မွှေးတုတ်ကို ပစ်ချလိုက်လေသည်။ ထို့နောက် လေကဲ့သို့သော အလျင်ဖြင့် တစ်စုံတစ်ရာကို အော်လျက် အခန်းအတွင်းမှ ပြေးထွက်သွား၏။
" ဆရာ...ဆရာရေ... အစ်ကိုလေးသတိရလာပြီ "
မျက်ခွံတို့ကိုပင့်တင်လိုက်ပြီးနောက် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရှောင်းကျန့်၏ အံ့အားသင့်မှုတို့ မြင့်တက်လာရသည်။ အညိုရောင်ဖျော့ဖျော့ မျက်နှာကြက်၌ တည်ရှိနေသော ခရစ္စတယ်လ်မီးဆိုင်းကြောင့် သူတည်ရှိသော နေရာမှာ သူသိသောနေရာမဟုတ်။
YOU ARE READING
Sugar & Brownies [ Wang Yibo × Xiao Zhan]
Fanfictionတချို့လူတွေကအချစ်ဆိုတာ Sugar နဲ့ Brownies လိုပဲချိုမြတယ်လို့ပြောတယ်။ Xiao Zhan အတွက်တော့ အချစ်ဆိုတာLemonတစ်လုံးထပ်မပိုဘူး။ ထူးဆန်းတဲ့မေးလ်တစ်စောင်ကိုXiao Zhanလက်ခံရပြီးတဲ့နောက်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်။အဲ့ဒီ...