လေတိုက်လိုက်တိုင်း ခဲလုမတက်အေးစက်နေသော ပတ်ဝန်းကျင်နှင့် ခြောက်ကပ်ကပ်လမ်းမတစ်နေရာ။
ကျယ်ဝန်းလှသော လမ်းမပေါ်၌ အေးစက်သော လေရယ် ၊ ရှောင်းကျန့်ရယ် ၊ သစ်ပင်များရယ် ၊ ကောင်လေးရယ်သာ ရှိနေသည်။
အညိုရောင်၊ လိမ္မော်ရောင် ရောယှက်နေသော သစ်ပင်များက ဆောင်းဦးသစ်တောလို ဖြစ်နေပြီး နေရောင်ခြည်ကတော့ ဘယ်ဆီဘယ်ဝယ်မှန်းမသိရပါ။ မှောင်ဖျဖျပတ်ဝန်းကျင်က မိုးလင်းခါနီးလိုလို၊ မိုးချုပ်ခါနီးလိုလို ထင်ရစေသည်။
ကျယ်ဝန်းလှသော အနက်ရောင်လမ်းမကြီးက အထီးကျန်ဆန်စွာတည်ရှိနေပြီး သစ်ရွက်ကြွေအချို့က ဟိုတစ်စု ဒီတစ်စုနှင့်။ လေတိုက်သောအခါတိုင်း လွင့်မြောသွားတတ်၏။
တလူလူလွင့်မြောနေသော ရှောင်းကျန့်၏ အင်္ကျီပါးပါးလေးက အအေးဓာတ်ကို အံတုဖို့ရာမဖြစ်နိုင်။ ထို့ကြောင့် လက်နှစ်ဖက်ကို ရင်ဘတ်နေရာ၌ ပိုက်ထားရင်း မြင်ကွင်းထဲမှ ကောင်လေးကို ပြုံးပြလိုက်လေသည်။
" တာဆီယာ..."
မျက်မှန်အဝိုင်းအောက်မှ ကောင်လေး၏ မျက်ဝန်းများက အညိုဖျော့ဖျော့ တောက်ပနေပြီး အပြာရောင် တီရှပ်က သူ၏ ကိုယ်ခန္ဓာနှင့် မလိုက်ဖက်စွာ ခပ်ပွပွ။ အနက်ရောင် ဘောင်ဘီ၏ အိပ်ထဲသို့ ညာဘက်လက်ကိုထည့်ထားသည်။ ငွေရောင်လခြမ်းလေးပါသော အနက်ရောင် ဖဲသား Choker တစ်ခု က သူ၏ လည်ပင်း၌ ကွက်တိကျစွာ တည်ရှိနေ၏။
ထိုကောင်လေး၏ အမည်က တာဆီယာဖြစ်ပြီး ရှောင်းကျန့်နှင့် စားသောက်ဆိုင်သန့်စင်ခန်း၌ တွေ့ဆုံခဲ့ဖူးသည်။ရှောင်းကျန့်ကို message ပို့သောသူ ၊ Reality ကူးရန် ကူညီပေးခဲ့သူဟုလည်းပြောသေးသည်။
" ငါ့ကို ဒီနေရာခေါ်တာ မင်းလား...ဒါက ဘယ်နေရာလဲ...."
ဘေးပတ်ပတ်လည်ကို လှည့်ကြည့်သလို လုပ်ရင်း ရှောင်းကျန့်မေးလိုက်သည်။ ကောင်လေးဆီက အဖြေပြန်မရ။ ထို့အစား ကောင်လေးက ကြွေကျနေသော အဝါရောင်သစ်ရွက်လေးကို ကောက်ပြီး လက်ထဲ၌ ခြေမွနေလေသည်။
YOU ARE READING
Sugar & Brownies [ Wang Yibo × Xiao Zhan]
Fanfictionတချို့လူတွေကအချစ်ဆိုတာ Sugar နဲ့ Brownies လိုပဲချိုမြတယ်လို့ပြောတယ်။ Xiao Zhan အတွက်တော့ အချစ်ဆိုတာLemonတစ်လုံးထပ်မပိုဘူး။ ထူးဆန်းတဲ့မေးလ်တစ်စောင်ကိုXiao Zhanလက်ခံရပြီးတဲ့နောက်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်။အဲ့ဒီ...