မြေမြှုပ်​ခံထားရတယ်

4.9K 659 63
                                    

မြေမြှုပ်​ခံထားရတယ်

ခြောက်​​သွေ့​သော မျက်​နှာပြင်​​ပေါ်သို့ မျက်​ရည်​တစ်​စက်​က စီးဆင်းသွား​လေသည်​။

နာကျင်​​နေ​သော နှလုံးအိမ်​က အပ်​​ပေါင်းများစွာနှင့်​ အဆမတန်​ညှင်းဆဲ​နေသလို။

ကိုကို​သေသွားပြီဆို​သော အသိနှင့်​အတူ ဝမ်​ရိ​ပေါ် သူ၏ ပိတ်​ထား​သော မျက်​ခွံတို့ကို ပင့်​တင်​လိုက်​​လေသည်​။

ပြတ်​သားရှင်းလင်း​သော မြင်​ကွင်းအစား အလင်း​ရောင်က စူးရှစွာ ဝင်​​ရောက်​လာ​ရာ...။

မျက်​ရည်​တို့နှင့်​ ပြည့်​နှက်​​နေ​လေပြီး​သော မျက်​လုံးအိမ်​​၏ မြင်​ကွင်းက ဝါးတားတား။

ဝမ်​ရိ​ပေါ်၏ ရင်​ဘက်​တစ်​ခုလုံးက အချိန်​မ​ရွေး အရည်​​ပျော်​သွားမတတ်​ ပူ​လောင်​​နေ​လေသည်​။

ကိုကို ​သေသွားပြီ။ ထိုအသိကသာ သူ့ကို ဝါးမြို​နေ​လေသည်​။

ထိုအသိ​ကြောင့်​ ရင်​များ ပိုနာလာရသည်​။

လွန်​ခဲ့​သော အချိန်​က​တောင်​ ချစ်​ချစ်​ခင်​ခင်​နှင့်​ သူ​ပေး​သော ကြင်​နာမှုတို့ကို ခံယူ​နေခဲ့သည့်​ ကိုကိုက ဘာ​ကြောင့်​ သတ်​​သေသွားပြန်​တာလဲ။

မဟုတ်​ဘူး။ အိမ်​ထဲက တစ်​စုံတစ်​​ယောက်​ကများ လုပ်​ကြံသွားသလား။

ကိုကို့ကို​တွေ့ပြီးသည့်​ စက္ကန့်​ပိုင်းအတွင်း ​ခေါင်းပွင့်​သွားသလို ခံစားမျိုးနှင့်​အတူ ဝမ်​ရိ​ပေါ်တစ်​​ယောက်​ အ​မှောင်​ထုအတွင်းသို့ ​ရောက်​ရှိခဲ့ရသည်​။ သူ​မေ့သွားတာလား။

ကိုကို့၏ အဖြစ်​ကို ဦး​ဏှောက်​က လက်​မခံနိုင်​၍ အသိစိတ်​ကို ဖြတ်​​တောက်​ပစ်​ခဲ့ပုံရသည်​။

ဒါဆို ဝမ်​ရိ​ပေါ် အိပ်​​ပျော်​​နေတာ ဘယ်​​လောက်​ကြာပြီလဲ။ ကိုကိုက​ရော ဘာဖြစ်​သွားပြီလဲ။

လှဲအိပ်​​နေရာမှ စိုးရိမ်​စိတ်​​များနှင့်​ ပြည့်​နှက်​​နေ​သော ဝမ်​ရိ​ပေါ် ထထိုင်​လိုက်​​လေသည်​။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now