Sugar Plum & Berries : ဝမ်​ရိ​ပေါ်အသစ်​လား၊အ​ဟောင်းလား

7.4K 973 52
                                    

Sugar Plum & Berries
(ဝမ်​ရိ​ပေါ်အသစ်​လား ၊ အ​ဟောင်းလား )

အခန်း၏ ​လေထုအတွင်းမှ ​မှော်​ဆန်​စွာ ထွက်​​ပေါ်လာ​သော ဖြူလွှလွှ​ ရေခဲမှုန်​​လေးများက ​အေးစက်​စက်​...။

၎င်း​ရေခဲမှုန်​​လေးများ၏ ကျဆင်း​နေခြင်းက ဝမ်​ရိ​ပေါ်ကို အံ့​သြထိတ်​လန့်​ ​စေသည်​။

နှင်း​တွေများလား။ အဘယ့်​​ကြောင့်​ မျက်​နှာကျက်​​နေရာမှ ကျဆင်း​နေသလဲ။ ထူးဆန်းလိုက်​​လေခြင်း။

အကယ်​၍ မျက်​နှာကျက်​တွင်​ အ​ပေါက်​ဖြစ်​​​နေ​သော​ကြောင့်​​ဆိုလျှင်​​တော့ နှင်းကျခြင်းက ဖြစ်​နိုင်​၏။

သို့​သော်​ စိတ်​ပျက်​စရာ ပန်း​ရောင်​ မျက်​နှာကျက်​၌ တလက်​လက်​ထ ​တောက်​ပ​နေ​သော ခရစ္စတယ်​လ်​မီးဆိုင်းတစ်​ခုမှ လွဲ၍ အ​ပေါက်​အပြဲဟူသည်​ ဘယ်​ဆီ​နေမှန်းမသိ။

အခန်းအတွင်းသို့ နှင်းများ​ရောက်​လာစရာ အ​ကြောင်းကိုမရှိ။ ပြတင်း​ပေါက်​ကလည်း ခန်းစည်းအပြည့်​ချထား​လေရဲ့။

ဆန်းကြယ်​လိုက်​တာ။ မဟုတ်​ဘူး။ အမှန်​က ​ကြောက်​စရာ​ကောင်းလိုက်​တာ။

ပုံမှန်​ဆို အိပ်​ခန်းအတွင်း၌ ချစ်​ရ​သော ကိုကိုနှင့်​ ကြည်​နူးဖွယ်​ရာ တည်​ရှိ​နေရမည်​။ ယခု​တော့ ဝမ်​ရိ​ပေါ် ဘယ်​ကို ​ရောက်​​နေပါလိမ့်​။ တစ်​စုံတစ်​​ယောက်​ကများ ဝမ်​ရိ​ပေါ် အိပ်​​ပျော်​​နေချိန်​အတွင်း ဒီကို​ခေါ်လာတာလား။

ဧကန်​န ထို တစ်​စုံတစ်​​ယောက်​က ​ရှောင်းကျန့်ကိုကို့​များလား။ ​ပြော၍မရ။ ဝမ်​ရိ​ပေါ်ကို​တောင်​ လည်​ပင်းညစ်​​သေးသည်​ မဟုတ်​လား။

မဖြစ်​နိုင်​။ မဖြစ်​နိုင်​။ သူကိုယ်​တိုင်​၏ အ​တွေးကို ဝမ်​ရိ​ပေါ် အပြစ်​တင်​လိုက်​မိသည်​။

ဝမ်​ရိ​ပေါ်၏ ကိုကိုက မကြိုက်​လျှင်​ ဆွဲထိုးပြီးရန်​ဖြစ်​​ကောင်းဖြစ်​လိမ့်​မည်​။ ထိုသို့ ​ကောက်​ကျစ်​​သော အမှုကို​တော့မပြုနိုင်​။ သူဘယ်​လို​တောင်​ ​တွေးရဲရတာလဲ။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now