အခြားတစ်​​ယောက်​ဖြစ်​နိုင်​တယ်

6.3K 661 34
                                    

အခြားတစ်​​ယောက်​ဖြစ်​နိုင်​တယ်

ပတ်​ဝန်းကျင်​၏ အပူချိန်​မှာ လွန်​ခဲ့​သော ရက်​များနှင့်​မတူပဲ သိသိသာသာကျဆင်းစပြုလာပြီ။ ​​တိုက်​ခတ်​လာ​သော လေကလည်း ​​နွေရာသီကဲ့သို့ ​နွေး​နွေး​ထွေး​ထွေး မရှိ​တော့။ ​​အ​​ရေပြားကို လာ​ရောက်​ ထိ​တွေ့ရာ ကြက်​သီးများက ဖြန်းကနဲ၊ ဖြန်းကနဲ။

အသက်​ရှုသွင်းလိုက်​ယုံဖြင့်​ နှာသီဖျားနှင့်​ လမ်း​ကြောင်းတစ်​​လျှောက်​ ​အေးစိမ့်​နူးညံ့​သော ​ဆောင်းဦးရနံ့ကို ခံစားမိ​လိုက်​သည်​။

အလင်း​ရောင်​ အနည်းငယ်​သာ ​ရောက်​ရှိလာ​သေး​သော မနက်​​လေးနာရီ တစ်​ဆယ့်​ငါးမိနစ်​။ အခြား​သောလူများ အိပ်​​မောကျ​သော အချိန်​။ အလွန်​တရာ အိပ်​​ကောင်း​သော အချိန်​။

ဝမ်​ရိ​ပေါ် ​မောင်းနှင်​လာ​သော ​အနက်​​ရောင်​ကား​လေးမှာ သစ်​​တောလမ်း​အတိုင်း ဘုရား​ကျောင်းမှ လမ်းမဆီသို့ ဦးတည်​လျက်​ ​ရွေ့လျား​​နေသည်​။

ခြောက်​ကပ်​​နေ​သော လမ်း​လေးအတွင်း သစ်​ပင်​များ၏ ယိမ်းထိုးသံနှင့်​ ဘုရား​ကျောင်းဆီမှ ​လေသင့်​၍ တစ်​ချက်​ တစ်​ချက်​ ပြန့်​နှံ့လာ​သော ဓမ္မ​တေးသံကလွဲပြီး ကျန်​​သော လှုပ်​ရှားမှု လုံးဝမရှိ။

လွန်​ခဲ့​သောညမှာ ကြုံခဲ့သမျှက အိပ်​မက်​​လေလား၊ အမှန်​တကယ်​လား မ​သေချာသည့်​တိုင်​ ဝမ်​ရိ​ပေါ် ​ပျော်​ရွှင်​​နေခဲ့သည်​။ ဝမ်​ရိ​ပေါ်၏ မနက်​ခင်းက ခါတိုင်းထက်​ ပိုပြီး ​ကောင်းမွန်​​နေသလို။

ဘုရား​ကျောင်းက အပြန်​ ဝမ်​ရိ​ပေါ်၏ စိတ်​များက သကာ​ရည်​လောင်းထား​သော ပျားရည်​မုန့်​အလား ချိုမြ​နေ​လေသည်​။

ဝမ်​ရိ​ပေါ်၏ စာလွှာ​လေး ​သေတ္တာထဲသို့ အတားအဆီးမရှိ ဝင်​​ရောက်​သွား​ခဲ့သော မြင်​ကွင်းက စိတ်​​ကျေနပ်​ဖွယ်​အတိ။

ဝမ်​ရိ​ပေါ် ကံ​ကောင်း​နေ​သော​ကြောင့်​လား​တော့မသိ။ ဒီနှစ်အတွင်းတွင်​ မည်​သည့်​စာကိုမှ လက်​မခံ​သော ဖူးစာ​သေတ္တာက ဝမ်​ရိ​ပေါ်၏ စာကိုမှ လက်​ခံခဲ့သည်​တဲ့။ ဒါဆို ဝမ်​ရိ​ပေါ်၏ ဖူးစာ​​​ရေးက ပိုမို​ကောင်းမွန်​လာ​တော့မှာလား။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now