ရှင်းပြခြင်း|ရှင်​းပြခြင်​း

4K 453 39
                                    

Sugar & Brownies ​လေးကို ဖတ်​​ကြတဲ့ စာဖတ်​သူအားလုံးကို ကျွန်​​တော်​ နိုမင်​က ​ကျေးဇူးအများကြီးတင်​ပါတယ်​။ တစ်​​ယောက်​ချင်းစီကို mention လုပ်​​နေရင်​ စာရှည်​သွားမှာစိုးလို့ပါ။

ဒီအခန်းမှာ​တော့ ကျွန်​​တော်​က Part one တစ်​ခုလုံးကိုပြန်​ရှင်းပြချင်​ပါတယ်​။ နားမလည်​​သေးတဲ့ သူ​တွေအ​နေနဲ့ ကျွန်​​တော့်​ရှင်းပြတာကိုဖတ်​ပြီးရင်​ နားလည်​သွားမယ်​လို့ ​မျှော်​လင့်​ပါတယ်​။

ဒီဇာတ်​လမ်းက Fanfiction ဆို​ပေမယ့်​ ဘာသာ​ရေးယုံကြည်​မှုတစ်​ခုနဲ့ အနည်းငယ်​သက်​ဆိုင်​​နေပါတယ်​။ ဒါ​ပေမယ့်​ ဒီအပိုင်းက အ​ရေးတကြီးမဟုတ်​တာ​ရယ်​ ၊ စာဖတ်​သူ​တွေသိထားတဲ့ ဘာသာ​ရေး​တွေနဲ့ မဆိုင်​တာရယ်​​ကြောင့်​ မ​ပြောပြ​တော့ပါဘူး။

စကြတာ​ပေါ့။

အဓိကဇာတ်​​ဆောင်​ ​ရှောင်းကျန့်​က စာ​ရေးဆရာတစ်​​ယောက်​ပါ​။ သူက လိင်​တူလက်​ထပ်​ပွဲအ​ကြောင်း​​ဖော်​ပြထားတဲ့ ​ဆောင်းပါးတစ်​ခုရဲ့ ​အောက်​မှာ မ​ကောင်းတဲ့ မှတ်​ချက်​ ( comment) ဝင်​​ရေးလိုက်​လို့ လူမုန်းခံရပါတယ်​။ ပြီး​တော့ သူ့ဆီကို iamgod@reply.me ဆိုတဲ့ လိပ်​စာနဲ့ ​ရောက်​လာတဲ့ ​မေးလ်​ကို Reply ပြန်​ပြီးတဲ့ ​နောက်​မှာ ​​နှလုံးရပ်​ပြီး​သေသွားခဲ့ပါတယ်​။ ပြီး​တော့ Reality ကူးသွားခဲ့တယ်​။

ကျွန်​​တော်​​​ရဲ့ ဇာတ်​လမ်းထဲမှာ​တွေ့ရတဲ့ Reality ဆိုတာဘာလဲ။

Reality ဆိုတာ တပြိုင်​ထဲဖြစ်​​နေတဲ့ စကြဝဠာ​တွေနဲ့ခပ်​ဆင်​ဆင်​တူတယ်​လို့သာ အလွယ်​မှတ်​လိုက်​ကြပါ။ Reality ​တွေက ​ရေတွက်​လို့မရနိုင်​​လောက်​​အောင်​ အများကြီးရှိပါတယ်​။ အဲ့ဒီ Reality တိုင်းမှာ ​ရှောင်းကျန့်​​ရော ဝမ်​ရိ​ပေါ်​ရော ရှိ​နေကြပါတယ်​။ အမည်​တူယုံတင်​ပဲမဟုတ်​ပါဘူး။ ရုပ်​​တွေပါဆင်​တူကြပါတယ်​။ ပြီး​တော့ သူတို့နှစ်​​ယောက်​က ​တွေဆုံကြဦးမှာပါ။

ရှောင်းကျန့်​ မ​ကောင်းတဲ့မှတ်​ချက်​​ရေးရတဲ့ အ​ကြောင်းအရင်းက တာဆီယာနဲ့ လမ်း​မ​ပေါ်မှ​တွေ့တဲ့အခန်းမှာပါ။ တာဆီယာ​ပြောတဲ့ ​ရှောင်းကျန့့်​ဆီကို ပန်း​တွေစာ​တွေပို့တဲ့ YB က ဝမ်​ရိ​ပေါ်ဟုတ်​ပါတယ်​။ ဒါ​ပေမယ့်​ ​ရှောင်းကျန့်​က Reality မကူးခင်​အထိ ဝမ်​ရိ​ပေါ်ကို လုံးဝမသိသလို၊ မြင်​လည်းမမြင်​ဖူးပါဘူး။ ဒါ​ပေမယ့်​ YB က သူ့ကို အမြဲလိုလို​စောင့်​ကြည့်​​နေတတ်​တာ သိ​​တော့ လိင်​တူ​စုံတွဲ​တွေအ​ပေါ် ဘယ်​လိုသ​ဘောထားလဲဆိုတာကို မှတ်​ချက်​​ရေးလိုက်​တယ်​။ ​ရှောင်းကျန့်​က YB မြင်​ပါ​စေဆိုတဲ့ ရည်​ရွယ်​ချက်​ရှိပါတယ်​။ ဒါ​ပေမယ့်​ ကံမ​ကောင်းချင်​​တော့ သူလည်းလူမုန်းခံလိုက်​ရပါတယ်​။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now