ရည်းစားဟောင်း သို့မဟုတ် အဖေ့မယားငယ်

11.3K 1.3K 48
                                    

ဝုန်းဒိုင်းကြဲရွာချနေသော မိုးကြောင့် ရှောင်းကျန့်အစောကြီးနိုးလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဝမ်ရိပေါ်၏ရင်ခွင်နွေးနွေး၌ ပွေ့ဖက်ခံထားရသောကြောင့် အေးစက်မနေပဲ နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာရှိလှသည်။ ဝမ်ရိပေါ်ကို သိပ်မကြိုက်သည်ကတော့ ချွင်းချက်။

ခင်ပွန်းတစ်ယောက်အဖြစ် အသိအမှတ်မပြုနိုင်သော်လည်း အခန်းမျှသုံးသော အခန်းဖော်တစ်ယောက်အဖြစ်တော့ သတ်မှတ်လို့ရသေးသည်။ အခန်းဖော်အချင်းချင်း အအိပ်ကြမ်းသည့်အခါ အချင်းချင်းဖက်မိခြင်းတို့၊ ခွအိပ်မိခြင်းတို့ ကြုံရတတ်သည်မဟုတ်လား။

ထို့ကြောင့် အခန်းဖော်အချင်းချင်း အအိပ်ဆော့၍ကြုံသော ကိစ္စဟုတွေးလို့ရသည်။

သည်ကနေဆိုလျှင် ရှောင်းကျန့် Reality ကူးပြောင်းလာခဲ့ပြီး ၅ရက်မြောက်နေ့ဖြစ်သည်။ လက်တလော လေ့လာချက်များအရ ရှောင်းကျန့်အဟောင်း၏ လက်တွဲဖော်ဖြစ်သူ ဝမ်ရိပေါ်က အနည်းငယ် ဂရုစိုက်ကြမ်းသော လူတစ်ယောက် ဖြစ်နိုင်သည်။

ဂရုစိုက်ကြမ်းယုံသာမက ယဉ်ယဉ်ကျေးကျေးအသုံးနှင့် ပြောရမည်ဆိုလျှင် အချစ်ကြမ်းသော လူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ထိုမျှမက အလွန်တရာချုပ်ချယ်တတ်သောသူတစ်ယောက်လည်း ဖြစ်နေသေးသည်။

ဟိုဟာမလုပ်ရ။ ဒီဟာမလုပ်ရနှင့်။

ဆေးသောက်ပြီးချိန်တိုင်း "ခါးနေမှာဆိုးလို့" ဆိုသည့် စကားဖြင့် ရှောင်းကျန့်၏ နှုတ်ခမ်းများကို စိုးမိုးတတ်သည်။ တဖန် အိပ်ရာဝင်ခါနီးတိုင်းလည်း "အိပ်မက်လှလှမက်အောင်လို့ " ဟုပြောကာ နမ်းပြန်သည်။

ဒီလောက်ပဲလားဆိုတော့။

မဟုတ်။ သန်းခေါင်ယံ တစ်ရေးနိုးလျှင်လည်း "အသဲယားတယ်" ဆိုပြီး အတင်းအကျပ်ပွေ့ဖက်ကာ ရှောင်းကျန့်၏ ပုခုံးသားနုနုကို သွားနှင့်ကိုက်လျက် ငုံခဲထားတတ်သေးသည်။

မနက်မိုးလင်းသောအခါ ရှောင်းကျန့်၏ ပုခုံး၌ သွားရာအကွင်းလိုက်နှင့် အိပ်ရာထရသည်ချည်းသာ။
တစ်ခါတလေ အိပ်မောကျနေစဉ် နားသို့ လေနှင့်မှုတ်ပြီးလည်း စနောက်တတ်သေးသည်။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now