စောင့်ကြည့်နေခဲ့သောတစ်စုံတစ်ယောက်

10.9K 1.3K 56
                                    

မှင်ကဲ့သို့နက်မှောင်သော မျက်ဝန်းများနှင့် ဟွားမေက သူ့ကိုစူးစိုက်ကြည့်နေမှန်း ရှောင်းကျန့်သတိထားမိလိုက်သည်။

အကျည်းတန်​လိုက်လေခြင်း။

အဓိပ္ပါယ်ဖော်၍မရသော မရေရာမှုများက သူမ၏ မျက်ဝန်းထဲ၌ ပြန့်နှံ့နေလေသည်။ ထိုအရာကို ရှောင်းကျန့်သတိထားမိသည်။ သတိထားမိလေ မသတီလေသာဖြစ်သည်။

ထို့ကြောင့် သူ့၏လက်ကိုတွဲထားသော ဝမ်ရိပေါ်၏ လက်တို့ကို သာမန်ထပ်ပိုပြီး တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။

ဟွားမေဆိုသည့် နာမည်ကိုကြားယုံနှင့် သံရည်ပူနှင့် ကောက်ပက်ချင်ရလောက်အောင် ဒေါသဖြစ်မိသော ရှောင်းကျန့်အဖို့ Reality အသစ်က ဟွားမေကိုလည်း ကြည့်မရပါ။

ထိုကြားထဲ ဟွားမေက သူ့ကိုကြည့်နေသောကြောင့် ပိုပြီး အလိုမကျဖြစ်မိသည်။

သူမကမည်သူမှန်းတော့ ရှောင်းကျန့်မသိ။ သို့သော် ခမ်းနားသော ဆိုင်အပြင်အဆင်ကို နောက်ခံထား၍မြင်ရသော ဟွားမေက ရှောင်းကျန့်အတွက် တစ်စက်လေးမှတောင် ကျက်သရေမရှိ။

အပြစ်ကင်စင်သော မိန်းမငယ်လေးနှယ် ဖြူလွှလွှဂါဝန်ကို ဒူးဖုံးသည်အထိ ဝတ်ဆင်ထားသော်လည်း ပုရိသများသရေကျဖွယ်ရာ  ရင်နှစ်မွှာကို တစ်ဝက်နီးနီးပေါ်နေအောင် လည်ပင်းကဟိုက်သည်။ ယခင် Realityမှာကဲ့သို့ နီရဲနေသော နှုတ်ခမ်းနီများက သူမ၏ နှုတ်ခမ်းသားပေါ်၌ ကွက်တိကျစွာ နေရာယူထားပြန်သည်။

ထိုမျှမကသေး။ လစ်ဟာနေသော ရင်သားပေါ်၌ ကြယ်ပွင့်တက်တူးက နေရာယူလျက်။ ခပ်ရိုင်းရိုင်းဖော်ပြရမည်ဆိုလျှင် တန်ဖိုးကြီး မိန်းမပျက်လိုပင်။

ပြေပြစ်ခြင်းအလျင်းမရှိ ကောက်ကွေးနေသော ဆံနွယ်များက ယခင်က ရှောင်းကျန့်သိခဲ့ဖူးသော ဟွားမေ၏ အသွင်တစ်ခု။ ထို့ကြောင့် အသဲထဲ ၊ အူထဲ၌ အနည်ထိုင်နေလေပြီးသော မနှစ်မြိုခြင်းများက သွေးကြောထဲအထိ လျင်မြန်သောအဟုန်ဖြင့် ပြန့်နှံ့စီးဆင်းလာလေသည်။

ရုတ်တရပ် တွေ့ဆုံလိုက်ရသော ဟွားမေကြောင့် ရှောင်းကျန့်၏ စားချင်သောက်ချင်စိတ်လေးမှာ ပူပေါင်းလေးနှယ် လွင့်မြောသွားရသည်။ လူသတ်ချင်စိတ်မှလွဲ၍ စားချင်သောက်ချင်စိတ်ဆိုသည်မှ ဘာလဲဟု ပြန်၍ပင်မေးရတော့မလို။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now