ထပ်​​တွေ့ပြန်​ပြီ

10.1K 1.1K 26
                                    

Scroll Down For Unicode

အနည်းငယ်​​မှောင်​ဖျဖျဖြစ်​​နေ​သော အခန်း​လေး၏ ​လေထုက ​နွေး​ထွေး​နေ​လေသည်​။ အိပ်​​မောကျ​နေပြီဟုထင်​ရ​သော ​ရှောင်းကျန့်​​ကြောင့်​ ရိ​ပေါ်က အိပ်​ခန်း၏ အချို့​သောမီးများကို ပိတ်​ထားပြီး အ​စောပိုင်းက ဝယ်​လာ​သည့်​ အဝတ်​အစားအသစ်​များကို ချိတ်​နှင့်​ချိတ်​ကာ ဘီဒိုထဲသို့ထည့်​​နေ၏။

          အဖြူ​နှင့်​ ​ချော့ကလက်​​ရောင်​​ဖျော့​ဖျော့ကို အသုံးပြု၍ပြင်​ဆင်​ထား​သော အိပ်​ရာ​ပေါ်၌ ​မှောက်​လျက်​အ​နေအထားနှင့်​ ​ရှောင်းကျန့်​ လှဲ​လျောင်း​နေ​လေသည်​။ အိပ်​​ပျော်​​နေခြင်း​တော့မဟုတ်​။ အိပ်​ငိုက်​​နေခြင်းဟုဆို၍ရမည်​။

အိပ်​ချင်​​နေ​သော်​လည်း ခန္ဓာကိုယ်​၏ ​ညောင်းညာကိုက်​ခဲမှုက ဟန့်​တား​နေ​သော​ကြောင့်​ အိပ်​မ​ပျော်​နိုင်​။

ထိုမျှမက ​ညောင်းညာခြင်းနှင့်​ ပုခုံးထက်​ဆီမှ နာကျင်​မှုက အနိုင်​ပိုင်းထား​သော​ကြောင့်​ သူ ထလည်းမထနိုင်​​တော့ပါ။ ထို့​ကြောင့်​ လှဲ​လျောင်း​နေခြင်းကသာ သက်​​တောင့်​သက်​သာဖြစ်​သလို။

မှောက်​လျက်​အ​နေအထားနှင့်​ လှဲ​လျောင်းအိပ်​စက်​ရခြင်းကို ​ရှောင်းကျန့်​တကယ်​သ​ဘောကျနှစ်​သက်​သည်​။ လွန်​​လေပြီး​သော Reality၌ ရှိစဉ်​က ညနက်​သည်​အထိစာ​ရေးမည်​။ ဗိုက်ဆာလာလျှင် ​​​ခေါက်​ဆွဲ​ခြောက်​များနှင့်​ဗိုက်​ဖြည့်​မည်​။ ​အိပ်​ငိုက်​လာလျှင်​ ကြမ်းပြင်​​ပေါ်သို့ လှဲချကာ ​မှောက်​လျက်​အ​နေအထားနှင့်​ အိပ်​စက်​မည်​။

အဘယ်​​ကြောင့်​ဆို​သော်​ ​ကြမ်း၏ ​အေးစက်​မှုက ခန္ဓာကိုယ်​တစ်​ခုလုံးကို ရစ်​ပတ်​ လွှမ်းခြုံ ထားသကဲ့သို့ ခံစားရ​စေ​သော​ကြောင့်​ ဖြစ်​သည်​။ ထိုမှတဆင့်​ ​မှောက်​လျက်​အိပ်​တတ်​​သော အမူအကျင့်​ဖြစ်​သွား၏။ ထို့အကျင့်​က ယခု Reality ထိပါ ကပ်​ပါလာ​ပုံရသည်​။

နူးညံ့​​သော ​မွေ့ယာ၏အထိအ​တွေ့​ကြောင့်​ သက်​​တောင့်​သက်​သာဖြစ်​သလို ​​နူးညံ့မှုက သူ့ကို ​ပွေ့ဖက်​ထားသည်​ဟု ထင်​ရ၏။ ခန္ဓာကိုယ်​၏ ​အောက်​ဘက်​မှ နူးညံ့မှုက သူ၏ ​ညောင်းညာမှုတို့ကို အနည်းငယ်​ ​လျော့နည်းသွား​စေသလို။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now