နွေးထွေးသော လိမ္မော်ရောင်အလင်းတန်းဟာ ပြတင်းပေါက်မှဖြတ်သန်းပြီးနောက် အခန်းအတွင်းသို့ ကျရောက်နေလေ၏။ ဝင်ရောက်လာသော လိမ္မော်ဖျော့ဖျော့ နေရောင်ခြည်ကြောင့် အခန်း၏ အပူချိန်မှာ အေးစက်စက်ဖြစ်မနေတော့။
နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာ အခြေအနေဖြစ်သည်။ သို့သော်လည်း နေ့လည်ရောက်ပြီဖြစ်၍ အပူချိန် လွန်ကဲမလားဟု တွေးမိလျှင်တော့ မှားသွားလိမ့်မည်။ လုံးဝ လုံးဝမဟုတ်ပါ။
နေရောင်ခြည်ဟာ ပူလောင်အိုက်စပ်ခြင်းကို မပေးပဲ နေရထိုင်ရ အဆင်ပြေစေသည်။
နွေးနွေးလေးဖြစ်နေ၏။ လန်းဆန်းယုံမျှ ၊ ဘက်တီးရီးယားများ လျော့ပါးသွားယုံမျှသာ။ အရမ်းကြီး ဆိုးရွားစွာ ပူလောင်နေခြင်းမျိုး လုံးဝမရှိ။
စိမ်းစိုနေသော မြက်ခင်းပြင်ပေါ် ထိုင်ပြီး နေ့လည်စာစားရန် အတော်လေးကို သင့်တော်သည်။ နေ့လည်စာမစားလျှင်တောင် နေ့လည်ခင်း လက်ဖက်ရည်ချိန်အတွက်လည်း အဆင်ပြေသည်။
နေရောင်ကြောင့် အခန်းတစ်ခုလုံးဟာ လင်းရှင်းနေလေ၏။
လန်းဆန်းချင်လို့ ရေချိုးကာမှ ပိုပြီး ပင်းပန်းသွားသော အဖြစ်နှင့် ရှောင်းကျန့် ကြုံတွေ့လိုက်ရသည်။ တဆက်ထဲမှာပဲ ဝမ်ရိပေါ်ဟာ သာမန်လူဟုတ်ပါ့မလားလို့တောင် ရှောင်းကျန့်တွေးမိပါသည်။
ညကလည်း သုံးကြိမ် ၊ တစ်ခဏလေးတောင် မအိပ်ရသေး ၊ အစောပိုင်းကလည်း တစ်ကြိမ်။ ဝမ်ရိပေါ် သူမသေနိုင်ဘူးလား။ မဟုတ်ဘူး။
သူက သေပြီး အခြားReality မှာ ရှောင်းကျန့်လို ပြန်ရှင်လာနိုင်သည်။ ဒါဆို နောက်တစ်မျိုး ပြောရမည်။ သူ အားပြတ်ပြီး လဲကျမသွားသေးဘူးလား။ ခေါင်းမူးခြင်းတို့ ၊ နားလေထွက်ခြင်းလေးတို့တောင် မခံစားရဘူးလား။
YOU ARE READING
Sugar & Brownies [ Wang Yibo × Xiao Zhan]
Fanfictionတချို့လူတွေကအချစ်ဆိုတာ Sugar နဲ့ Brownies လိုပဲချိုမြတယ်လို့ပြောတယ်။ Xiao Zhan အတွက်တော့ အချစ်ဆိုတာLemonတစ်လုံးထပ်မပိုဘူး။ ထူးဆန်းတဲ့မေးလ်တစ်စောင်ကိုXiao Zhanလက်ခံရပြီးတဲ့နောက်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာခဲ့တယ်။အဲ့ဒီ...