ငါ့ကိုမကိုက်နဲ့

11.7K 1.3K 42
                                    

နေရောင်ခြည်နွေးနွေးက မြေပြင်ပေါ်သို့ လင်းလက်စွာ ဆင်းသက်နေသည်ဖြစ်ရာ သစ်ပင်များ၏ အကိုင်းအခက်များကြားမှ နေရောင်ကြောင့် မြေပြင်ပေါ်၌ အစက်အပြောက်လေးများစွာ ဖြစ်ပေါ်တည်ရှိနေလေသည်။ လေညင်းက နူးညံ့စွာ တိုက်ခတ်လိုက်သောအခါ အပင်၏ အကိုင်းအခက်ပွတ်တိုက်သံများ ၊ အရွက်များ၏ လှုပ်ရှားသံများက သဘာဝအတိုင်း ထွက်ပေါ်လာသည်။

နေဝင်ခါနီးကာလဖြစ်သည့်တိုင် အလင်းရောင်က တည်ရှိနေဆဲပင်။

လမ်းမပေါ်၌ လူပေါင်းများစွာ ဟိုဟိုဒီဒီအလိုရှိရာ သွားလာနေကြသည့် မြင်ကွင်းက ရှောင်းကျန့်အတွက် အနည်းငယ်တော့ မျက်စိရှုပ်စရာ ဖြစ်နေသည်။ ယခင် Reality ၌ရှိစဉ်က အမြဲလိုလို အိမ်ကပ်ဂူအောင်းနေလေ့ ရှိသောကြောင့် ထိုသို့ဖြစ်သည် ထင်ပါရဲ့။

အိမ်ထဲ၌ နေကာ အချိန်ပြည့် စာရေးရန် ခေါင်းခြောက်မတက်စဉ်းစားမည်။ ဗိုက်ဆာလျှင် အသင့်လုပ်ခေါက်ဆွဲဘူးများ ၊ အသင့်ချက်ထမင်းများ ဝယ်စားမည်။ ခေါက်ဆွဲခြောက်များ ကုန်သွား၍ သွားမဝယ်နိုင်သောအခါမျိုးတွင် ချောကလက်များစားလိုက် ၊ ကော်ဖီများကို ဗိုက်ပြည့်အောင် ရေတစ်ပိဿာဖြင့် ဖျော်သောက်လိုက်နှင့် လုပ်ခဲ့ဖူးသည်။

ချွင်းချက်ကတော့ ပိုက်ဆံမရှိ၍မဟုတ်ပါ။ ဒီတိုင်းကို အပြင်မထွက်ချင်၍ ဖြစ်သည်။ တနည်းပြောရလျှင် ပျင်းသည်ဟု ဆို၍ရနိုင်မလား။

လူစုလူဝေးနေရာများကို ရှောင်းကျန့်မကြိုက်ပါ။ သူ၏ အမေသေဆုံးသွားပြီးချိန်မှစကာ ပုံမှန်အခြေအနေပြန်ရရန် အများကြီး ကြိုးစားခဲ့ရသည်။ အများကြီးခက်ခဲခဲ့သည်။

အရောင်အသွေးမျိုးစုံ၊ အသွင်ပြင်မျိုးစုံနှင့် ဆိုင်ခန်းတွဲများ ၊ စားသောက်ဆိုင်များ ၊ ကော်ဖီဆိုင်များက လမ်းမကြီး၏ တဖက်တချက်စီ၌ တည်ရှိနေလေသည်။

" ခရမ်းရင့်ရင့်အိပ်မက် " ဆိုသော ကော်ဖီဆိုင်လေးထဲ၌ လူများက ပြည့်လျှံနေသည့် မြင်ကွင်းက ရှောင်းကျန့်၏ အမြင်အာရုံထဲသို့ ရောက်လာလေသည်။ ဆိုင်ကြီးကို ဖက်ရွက်ဟု စဉ်းစားကြည့်ပါက ဆိုင်အတွင်းရှိလူများက ကောက်ညှင်းစေ့လေးများ ဖြစ်နိုင်သည်။

Sugar & Brownies [ Wang Yibo × Xiao Zhan]Where stories live. Discover now