Part 2 ( ဘဝရဲ့စာမျက်နှာ)

7.4K 813 36
                                    

Zawgyi

ယွင်းရန်က ချီယွမ်အားပစ်ချလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာလိုက်သည်။ သူ၏ဘေးပတ်လည်တွင် ရှုပ်ထွေးနေဆဲအခိုးအငွေ့တို့က မကွယ်ပျောက်သေးပေ။ ယွင်းရန်က ဘုံကျောင်းပျက်၏တံခါးပေါက်နားရောက်တော့ လဲကျနေသောချီယွမ်တို့ဘက်အား အသာစောင်းငဲ့ကာကြည့်လာသည်။

ရဲရဲနီနေသော မျက်ဝန်းတို့သည်က ယခုချိန်ထိ မှေးမှိန်သွားခြင်းမရှိသေးပေ။ နှုတ်ခမ်းအစွန်းထောင့်နားတွင်ပေကျံနေသော ချီယွမ်၏သွေးစလေးများအားလက်ဖြင့် သုတ်ချလိုက်ပြီး ချီယွမ်၏မိဘနှစ်ပါးအား စူးစိုက်ကြည့်လိုက်သည်။

နှုတ်ခမ်းအား အပေါ်သို့ကွေးညွတ်ရုံသာ ပြုံးလိုက်ပြီး

"ဟမ့်...စာခြောက်ရုပ်တွေကိုများ ဝိညာည်အတုထည့်ပေးလိုက်တာနဲ့သူက အေးချမ်းတဲ့မိသားစုဘဝရပြီပေါ့။ သူနဲ့တကယ်တန်တယ်ထင်လို့လား ရှန်းဝူပိုင်။

မင်းကရော ဒီလောက်နဲ့ မင်းလုပ်ထားသမျှ ပျောက်ကွယ်ပြီးလို့တွေးနေတာလား။

ဟားဟား... မင်းတကယ်ရယ်ရတဲ့အကောင်ပဲ။ သူ့ကိုငါ့လက်ကလွတ်စေချင်ရင်လည်း မင်းဘာသာသေချာဖွက်ထားပေါ့ကွာ

ဒါပေမဲ့ အခုသူ့ကိုငါတွေ့သွားပြီဆိုတော့ ဘယ်တတ်နိုင်ပါတော့မလဲ။ မင်းတို့ယုတ်မာခဲ့တာတွေအတွက် ပြန်ပဲပေးဆပ်ဖို့ပြင်ထားတော့ပေါ့"

ယွင်းရန်က ကောင်းကင်ကိုအသာမော့ကြည့်လျက် ပြောဆိုနေသည်။ ပတ်ဝန်းကျင်တစ်ခွင်သည် ရေခဲတောင်သဖွယ် အေးစိမ့်ကာနေလေ၏။ တခဏအကြာတွင်မှ ယွင်းရန်က
ချီယွမ်အားကြည့်ကာ မဲ့ပြုံးပြုံးလျက် ထွက်ခွာသွားတော့သည်။

ချီယွမ်၏ဘေးတွင် လဲကျသေဆုံးနေသော သူ၏မိဘနှစ်ပါးသည်လည်း ယွင်းရန်ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ကောက်ရိုးခြောက်များဖြင့်လုပ်ထားသော စာခြောက်ရုပ်အသွင်သို့ ပြောင်းလဲသွားကြတော့သည်။ ချီယွမ်ကမူ လဲကျနေသောမူလနေရာလေးတွင်သာ ငြိမ်သက်လျက်။

.....................................

၁၂နှစ်ခန့်ကြာပြီးနောက်

The Deal With A Demon King Where stories live. Discover now