Part-7

6.4K 416 5
                                    

“အစ်ကို ကျွန်တော်ပြောတာလေးကိုနည်းနည်းလေး နားထောင်ပေးပါ ခဏလေးပါဘဲလို့ တောင်းပန်ပါတယ်”

“ငါ မင်းဆီကဘာနားထောင်ပေးရအုံးမှာလဲ ငါ့အတွက်မလိုဘူးထင်တယ် ဖယ်… လွှတ်…”

“ခဏလေးပါ အစ်ကို ကျွန်တော်အကြမ်းမဖက်ချင်ဘူးဗျာ ငြိမ်ငြိမ်လေးခဏဘဲနားထောင်ပေးပါနော်”

ကျွန်တော် အကြမ်းမဖက်ချင်ဘူးပြောတော့မှ ငြိမ်သွားတယ်… သူအကြမ်းဖက်ချင်းရဲ့အဓိပ္ပာယ်ကို သိတယ်လေ

“ကျွန်တော်အဲ့နေ့က တမင်ရည်ရွယ်ထားတာမဟုတ်ဘူး Dinner တခုကပြန်လာတာ အဲ့Dinner မှာ မိန်းမ တစ်ယောက်နဲ့အတူနေစေဖို့ သူငယ်ချင်းတွေကကြံတယ်

အဲ့ဒါကျွန်တော်ချက်ချင်းရိပ်မိပြီး Dinner ကနေအမြန်ပြန် လာခဲ့တယ် ဒါပေမဲ့လမ်းမှာအစ်ကိုနဲ့တိုက်မိမလိုဖြစ်တယ် ကျွန်တော်အစ်ကိုကို အဲ့တုန်းကတောင် ဆေးလိမ်း ပေးရင်းပြောခဲ့တယ်

ကျွန်တော်အိမ်အမြန်ပြန်မှရမယ်လို့လေ ဒါပေမဲ့အဲ့လိုမဖြစ်ခဲ့ဘဲနဲ့ ကျွန်တော် အစ်ကို့ အပေါ်မှာ မှားယွင်းမှုလုပ်ခဲ့မိတယ်……….

ကျွန်တော့်ကို ကျွန်တော်လည်းမသိဘူး မိန်းကလေးတစ်ယောက်ဆီကလွတ်အောင်ရုန်းနိုင်ပြီး အစ်ကိုဆီမှာ ကျွန်တော်ကျရှုံးခဲ့တယ် အစ်ကို”

“မင်းဘာလို့ ငါ့ကိုဘာလို့ အဲ့ဒါတွေလာရှင်းပြနေတာလဲ ငါအဲ့နေတည်းကမင်းဆိုတဲ့ကောင်ကို မေ့လိုက်ပြီ….

အဲ့တော့ အဲ့နေ့ကအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောနဲ့တော့ ငါနဲ့မင်းနဲ့ကိစ္စက အဲ့မှာတင်ပြီးပြီ အခုကစပြီး မင်းနဲ့ငါက ပွဲနေ့ကမှစသိတဲ့သူတွေပဲ”

“အစ်ကို အဲ့လိုမဟုတ်ဘူးလေ ကျွန်တော်ပြောချင်တာ ကျွန်တော်ကအစ်ကိုအဲ့နေမှာ ပြီးပြီရောလွှတ်လိုက်တာ မဟုတ်ဘူး

ကျွန်တော် တကယ်ပြောနေတာ အဲ့နေ့အစ်ကိုထွက်သွားတဲ့အချိန်ကစပြီး လူလွတ်ရှာခိုင်းတာမျိုး ကျွန်တော့်ဘာသာထွက်ရှာတာမျိုး အမျိုးမျိုးရှာခဲ့တာ အစ်ကိုသိလား……. အဲ့ဒါဘာလို့လဲသိလား
ကျွန်တော်ချစ်မိသွားလို့ အစ်ကိုကို တကယ်ချစ်မိသွားလို့ပါ”

Love Is Accident (Completed)Where stories live. Discover now