Extra-2

4.6K 310 3
                                    

FM ကြည့်ပြီးလွှတ်ပျော်ပြီး အရိုတွေဘဲရေးပစ်လိုက်တယ်
😁😁😁

“အစ်ကို ပြောစရာရှိလို့ ဒီနေ့စောစောပြန်ခဲ့မယ်လို့”

“ဘာကိစ္စမို့လို့ အရေးတကြီး အထူးတလည်ပြောနေတာလဲ”

“မဟုတ်ပါဘူး ပြန်လာရင်ပြောပြမယ်နော် အော် မောင်ဘာဝယ်လာခဲ့ရမလဲ”

“အင်းးးးးးးး Pizza လေးဝယ်ခဲ့ပြီးရင် ဝိုင် လည်းကုန်နေပြီ ဝယ်ခဲ့ပေးအုံးလေ”

"ဟုတ် အပြန် မောင်ဝင်ဝယ်လာခဲ့မယ်လေ ဒါပဲနော် ဖုန်းချလိုက်ပြီ"

"အင်း see you in this evening!”

ကျွန်တော် ဒီနေ့အစ်ကို့ကို ပြောစရာရှိတဲ့ကိစ္စ ဖုန်းဆက်ပြီးပြောထားတယ် ဟူးးးးးးး ညနေကျရင် ဘယ်လိုနှစ်ပါးသွားရပါ့မလဲ…………

Time Skip
ကျွန်တော့်ကို Yibo ကပြောစရာရှိလို့ ညနေစောစောပြန်လာမယ်ဆိုပြီး အခုထိ မရောက်သေးဘူး ဘာများဖြစ်နေပါလိမ့်…….

ကျွန်တော်လည်းဖုန်းဆက်ဖို့ ဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ
“Hello! Bro Wang Yal ပြောပါ”

"အော် လူနာရှင်နဲ့ ဘာတော်လဲ မသိဘူး အခုဆေးရုံးကိုလာခဲ့ပေးပါလား"

“ဟုတ် ကျွန်တော်အခုလာခဲ့ပါမယ်”
ဟာ… Bro Wang ဘာဖြစ်တာလဲ မသိဘူး ကျွန်တော်လည်း အဝတ်စားလဲပြီး ဆေးရုံကိုချက်ချင်း ထွက်လာခဲ့လိုက်တယ်…….

ကျွန်တော် ဆေးရုံးရောက်တော့ အရေးပေါ်ကိုသွားမေးတော့ လူနာကစိတ်ချရပြီမို့လို့ အခန်းတခုကို ပြောင်းထား တယ်လို့ပြောတာနဲ့ ကျွန်တော် သူတို့ညွှန်တဲ့အခန်းကို လာခဲ့လိုက်တယ်…………

အခန်းထဲဝင်တော့ Bro Wang ခေါင်းမှာလဲ ပတ်တီးအဖွေးသားနဲ့ အိပ်ရာပေါ်မှာ တွေ့လိုက်ရတယ် ကျွန်တော်လာတော့ အခန်းထဲကထွက်ဖို့ပြင်နေတဲ့ Nurse ကိုမေးလိုက်တယ်.........

“ညီမ ဒီလူနာဘယ်လိုဖြစ်တာလဲ အစ်ကိုက ဒီလူနာရှင်ပါ တချက်လောက်ပြောပြပေးပါလား”

“အော် ဟုတ်ကဲ့ ကျွန်မတို့အရေးပေါ်ခန်းထဲရောက်လာတော့ ဒီလူနာက ခေါင်းကိုအရိုက်ခံရလို့လို့ပြောတယ် ကျွန်မတော့ သေချာမသိဘူး ဒီလောက်ဘဲသိတာ လူနာနိုးလာရင် မေးကြည့်လေ”

Love Is Accident (Completed)Where stories live. Discover now