Part-4 (Unicode)

2.8K 156 0
                                    

ဒီလိုနဲ့နောက်နေ့စပြန်ပြီလေ ဝါးးးးး

အိပ်ရာက မထချင်ထချင်နဲ့ ရေချိုးဖို့ပြင်ဆင်လိုက်တယ်.. ကျွန်တော်ရေချိုးပြီးထွက်လာတော့ ဖုန်းလာနေတာ တွေ့တယ် ကြည့်လိုက်တော့ Yi Aww ဖြစ်နေတယ်

ပြော.. ဘာကိစ္စလည်း

"ကို ကလည်းကိစ္စရှိမှဆက်ရမှာလား မကြာခင်စေ့စပ်ရမယ့်သူတွေဘဲကို

မင်းကို ငါကစေ့စပ်မယ်လို့ပြောမိလား

ရှင်. ဟင်းဟင်း အဲ့အတွက်စိတ်မပူပါနဲ့ အချိန်တန်ရှင်ကကျွန်မလက်ထဲရောက်လာမှာပါ အော်ဒါနဲ့ တခုပြော ပါရစေ ဒီညနေပွဲတခုရှိတာကို ရှင့်အဖေက ရှင့်အမေကိုပြောမိတယ်နဲ့တူတယ်

အဲ့ဒါရှင့်အမေကကျွန်မကို ရှင်နဲ့အတူသွားလိုက်ပါတဲ့ အဲ့ဒါလေးလှမ်းပြောရှင့် ဒါပဲနော်

တောက်. ဒီမိန်းမသက်သက်လူပါးဝတာ

ကျွန်တော်ဒေါသထွက်နေတုန်း ဖုန်းထပ်ဝင်လာတယ် ကြည့်လိုက်တော့ မား...

ဟုတ် မား

သားငယ်လေး မင်းညနေသွားရမယ့်ပွဲကို သမီးလေး Yi Aww လေးကိုဝင်ခေါ်ပြီး သွားလိုက်ပါကွယ် သားနဲ့လက်ထပ်ရမယ့်သူဆိုတော့ အခုတည်းက အဲ့လိုသွားတာတွေသူသိဖို့လိုမယ်လေ နော်သားလေး

"မား ကတော့လုပ်ပြီဗျာ သားဘာသာ အေးဆေးသွားလို့မရဘူးလား ပြီးတော့ လုပ်ငန်းရှင်တွေ ကြားထဲ ဒီမိန်းမ က ကန့်လန့်ကန့်လန့်နဲ့ သားအလုပ်အတွက် အနှောက်အယှက်ဖြစ်တယ် မား မခေါ်လို့မရဘူးလား

သား မင်းငါ့ကိုဘယ်တုန်းက ဂလန်ကဆန် ပြန်လုပ်ဖူးလဲ ဘာလဲ သားကမားကိုစိတ်ဆင်းရဲပြီးသေစေချင်နေ တာလား ပြောစမ်း

မဟုတ်ပါဘူးမား သားကဖြစ်သင့်တာကိုပြောပြနေတာပါ

တော်ပြီသား မားကိုဘာမှပြန်အထွန့်မတက်နဲ့တော့ ခေါ်သွားဆိုခေါ်သွားလိုက် ဒါပဲ

ဟူးးးးးးး

ကျွန်တော်သက်ပြင်းအရှည်ကြီးချလိုက်မိတယ် မနက်မိုးမလင်းသေးဘူး ပြဿနာနဲ့ စပြီလေ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ အလုပ်ကိုထွက်လာခဲ့လိုက်တယ်

Love Is Accident (Completed)Where stories live. Discover now