Extra-1

5.9K 395 3
                                    

Ro မယ်နော် 😁😁😁

“မင်းက အိမ်ထောင်သက်လေးရလာလို့ ငါ့ကိုစိတ်ကုန်လာပြီး နောက်တစ်ယောက် တွေ့နေပြီမှတ်လား”

“မဟုတ်ပါဘူး အစ်ကိုရာ မောင်ရဲ့ ငယ်ငယ်တုန်းကခင်တဲ့ သူငယ်ချင်းမလေးပါ အခုက မတွေ့တာကြာလို့ စကားပြောကောင်းနေတဲ့အချိန် အစ်ကိုဖုန်းလာတာကို မကြားမိလို့မကိုင်မိတာပါ”

“မင်း ဘက်ကဆင်ခြေကဒါလား နောက်တစ်ယောက်တွေ့ရင် ပြောပြထား တခါတည်းကွာရှင်းပေးမယ်”

“တကယ်ပါအစ်ကိုရာ မောင်မှာ ချစ်စရာဆိုလို့ဒီကျန့်ကျန့်လေးဘဲရှိတာကို ပြီးတော့ အဲ့ကောင်မလေးက မင်္ဂလာဆောင်တော့မှာ လာဖို့ဖိတ်တာပါနော် ပြီးတော့ မောင့်ကိုကွာရှင်းမယ်ဆိုတာ ဘယ်တော့မှမပြောနဲ့နော် မောင်မခံစားနိုင်လို့ပါ အစ်ကိုကစိတ်ဆိုးလို့ပြောပေမယ့် မောင်ကခံနိုင်ရည်မရှိလို့ပါ”

ကျွန်တော် Yibo မျက်ရည်ဝဲတာကို ကြည့်ပြီးစိတ်တိုပြီးပြောမိတာ နောင်တရသွားတယ်
“မင်းကလည်း ငါကဒီတိုင်းပြောလိုက်တာပါ စိတ်ထဲရှိလို့မဟုတ်ပါဘူး ဘာလို့မျက်ရည်ဝဲနေတာလဲ ငါစိတ်ထဲမကောင်းဘူး”

“အင်းပါ အစ်ကိုမကြိုက်တာ မောင်ဘယ်တော့မှ မလုပ်ဘူး မောင်သစ္စာဆိုတယ် အစ်ကိုတခုဘဲဂတိပေး မောင့်ကို ဘယ်တော့မှ ကွာရှင်းမယ်ဆိုတဲ့ စကားမပြောပါဘူးလို့”

“အင်းပါ ငါဂတိပေးတယ် မင်းလည်းကိစ္စတိုင်းကို ငါ့ကိုအသိပေးပေါ့ Ok Peace”

“ဟုတ်ကဲ့ခင်ဗျ ကတိပေးပါတယ်”

“မပြောင်နဲ့ သေမယ် အကြီးကို”

“ဟုတ် မပြောင်ပါဘူး ချစ်လို့ စတာပါ အစ်ကို
မောင် အစ်ကို့ကို အရမ်းချစ်တယ်”

“အင်းပါ တော်ပြီ နေ့လည်ထဲတည်းက စိတ်ဆိုးပြီး ဘာမှမစားရသေးဘူး ထ စားဖို့လုပ်ရအောင်”

“အစ်ကိုနေပါ မောင်ချက်မယ် ဘာစားချင်လဲ မောင့်ကိုပြော”

“အိုကေ ငါစားချင်တာက Spaghetti လုပ်ကျွေးပါလား အဆင်ပြေလား ငါလည်းဝိုင်းလုပ်ပေးမယ်လေ”

“ပြေပါတယ် အဲ့လောက်ကအပျော့ဘဲ မောင့်ကိုဝိုင်းမကူဘဲ မောင်အမောပြေအောင် အနားမှာဘဲ ထိုင်နေပေးပါ”

Love Is Accident (Completed)Where stories live. Discover now