Jealousy (Unicode)

4.4K 147 1
                                    

ပြန်လာပါပြီ  🤓🤓🤓 ငှဲ ငှဲ

မောင် ငါ Diploma တခုလောက်ထပ်လိုချင်လို့ အဲ့ဒါကျောင်းတက်လို့ရမလားလို့

ဘာလို့လဲ ဘာကြောင့် ကျောင်းတက်ချင်တာလဲ

မဟုတ်ဘူူးလေ မင်းကလည်း မေးခွန်းတွေက များလိုက်တာ ငါပြောချင်တာက အလုပ်အတွက် ထပ်လိုအပ်မယ် ထင်တဲ့ Diploma လေးထပ်ယူ မလို့လေ

"အခုလည်း ကျွန်တော့်အလုပ်မှာ ဒီပညာနဲ့ ဝိုင်းကူနေတာလုံလောက်နေပြီလေ ဘာများချို့တဲ့နေလို့လဲ

မင်းကလည်း ကျောင်းလေးတက်တာကို ဘာလို့ အဲ့လိုတွေ ပြောနေတာလဲ ငါလည်း ငါ့ဘဝ တိုးတက်ဖို့ မင်းအတွက် အကူအညီ ထပ်ဖြစ်စေချင်လို့ တက်တာလေ ဘာလို့ အကန်တွေချည်းဘဲ ပြောနေတာလဲ

အကန်ပြောတာမဟုတ်ပါဘူး ဖြစ်သင့်တာကိုပြောနေတာ တော်ပြီ မပြောတော့ဘူ ဒီကိစ္စက လောလောဆယ် ညှိလို့ အဆင်မပြေဘူးလို့ သတ်မှတ်ထားလိုက်မယ်

အစ်ကို ရုံးသွားနှင့်လိုက် ကျွန်တော် ဝင်စရာ ရှိသေးလို့ ပြီးမှ ရုံးလာခဲ့မယ် အော် ကားယူသွားလိုက် ကျွန်တော် Taxi နဲ့သွားလိုက်မယ်

..

ကျွန်တော်လည်း ပြောပြီးတာနဲ့ Taxi ငှားပြီး ထွက်လာခဲ့လိုက်တယ် စဉ်းစားကြည့်ဗျာ

ကျွန်တော့်မှာ သူ့ကို အရိပ်တကြည့်ကြည့် ပြီးချစ်နေရတာကို သူက ကျွန်တော့်ကွယ်ရာ မှာ ကျောင်းတက်ချင်လို့တဲ့ စိတ်တိုတယ်ဗျာ ကျွန်တော်ဒီလောက်ပြောနေတာကို သူကချုပ်ချယ်တယ်များထင်နေလား မသိဘူး ကျွန်တော်က သူ့ကိုစိတ်မချလို့ သဝန်တိုလို့ မတက်စေချင်တာ

အခုလည်း အမှန်တိုင်းပြောရရင် ဘယ်သူနဲ့မှ မချိန်းထားဘူး စိတ်ညစ်လို့ တစ်ယောက်တည်း တစ်နေရာရာမှာ ခဏသွားထိုင်ချင်လို့ ထွက်လာ ခဲ့တာ

ကျွန်တော်လည်း ထွက်တာလာခဲ့တာ ဘယ်သွားထိုင်ရမလဲ မသိဖြစ်နေတာ နောက်ဆုံးတော့ ပန်းခြံထဲကို ဝင်လာခဲ့လိုက်တယ် ဖြစ်ချင်တော့ တစ်ယောက်တည်း နေချင်ပါတယ်ဆိုမှ

ဟယ် Yibo တစ်ယောက်တည်းလား ဘယ်လာတာလဲ

အော် ငါနည်းနည်း စိတ်ညစ်နေလို့ ဒီမှာလာထိုင်တာ နင်ရော

Love Is Accident (Completed)Where stories live. Discover now