Part-5 (Unicode)

2.7K 162 0
                                    

Yibo POV:

ကျွန်တော် အိမ်ရောက်တော့ရေချိုးပြီးအင်္ကျီလဲပြီးတော့ Yi Aww ဆီကဖုန်းလာတယ်...

ကို ဘယ်ရောက်နေပြီလဲ Yi Aww ပြီးသွားပြီ အိမ်မှာစောင့်နေတယ်နော် မြန်မြန်လာနော်

"အေး ခဏနေထွက်လာတော့မယ် ဒါပဲ

ကျွန်တော်ပြောပြီးတာနဲ့ ဖုန်းချပစ်လိုက်တယ်.  ကျွန်တော်ပွဲနဲ့လိုက်မယ့် အင်္ကျီလေးဝတ် ပြီးထွက်လာခဲ့ လိုက်တယ်

Yi Aww အိမ်ရှေ့ရောက်တော့ သူမအဆင်သင့်စောင့်နေတာတွေ့တယ် သူမကိုခေါ်ပြီးတာနဲ့ ထွက်လာခဲ့ လိုက်တယ် သူမအမေက စကားပြောတာကိုတောင် ကျွန်တော်နားမထောင်ဘဲ ကားကိုမောင်းထွက်လာခဲ့တယ် ပွဲရောက်တော့ ကျွန်တော်တို့နည်းနည်းနောက်ကျတော့ဧည့်သည်တွေ အကုန်အထဲရောက်နေပြီနဲ့တူတယ်

ဒါပေမဲ့ ကျွန်တော်ထက်ကြီးမယ်ထင်တဲ့ အစ်ကိုအရွယ်ေ ကာင်လေးတစ်ယောက်က အနားကို ရောက်လာပြီး

မင်္ဂလာပါညီ အစ်ကိုက Lanscape က MD ပါညီ တွေ့ရတာဝမ်းသာပါတယ်

မင်္ဂလာပါအစ်ကို ကျွန်တော်က Rising Sun Group က Director Wang YiBo ပါ တွေ့ရတာ ဝမ်းသာပါတယ် သူမက.

မင်္ဂလာပါ ကျွန်မက Wang Yibo နဲ့မကြာခင်စေ့စပ်မယ့် Yi Aww ပါ

အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်

လာ ညီပွဲကစနေပြီ အစ်ကိုနေရာလေးလိုက်ပြမယ်

ကျွန်တော် သူတို့နှစ်ယောက်ကိုနေရာချပေးပြီးတော့ ညီကအနောက်မှာထိုင်နေတာတွေ့တာနဲ့ ညီ့အနား သွားလိုက်တယ်

ညီ ဘာလို့ရှေ့မှာမထိုင်တာလဲ ချောင်မှာကပ်ပြီးဘာလုပ်နေတာလဲ

အော် မဟုတ်ပါဘူး ရှေ့မှာဆို စိတ်အိုက်လို့ပါ အစ်ကို အစ်ကိုရှေ့မှာထိုင်လေတအောင့်နေ စကားပြော ရမယ့် ဟာကို

အင်း အစ်ကိုသွားလိုက်မယ်နော် တခုခုဆို အစ်ကိုကို့ဖုန်းဆက်လိုက်နော်

ဟုတ် အစ်ကို

အမှန်တော့ ကျွန်တော်အစ်ကို့ကို လိမ်ပြောလိုက်တာ ကျွန်တော့်ဘဝကိုဖျက်စီးတဲ့ကောင် ကိုမကြည့်ချင်ဘူး မမြင်ချင်ဘူး ဖြစ်နိုင်ရင် ပွဲကနေတောင်ထ ထွက်သွားချင်တာ

Love Is Accident (Completed)Where stories live. Discover now