Part-1 (Unicode)

8K 265 1
                                    

ကျွန်တော်တို့သူငယ်ချင်းတွေဒီနေ့ Birthday Dinner ပွဲတခုရှိနေလို့ချိန်းထားတာကျွန်တော်နောက်ကျနေပြီ သူငယ်ချင်း တွေမေတ္တာပို့တာတော့ခံရတော့မယ်

အော်ဒါနဲ့ကျွန်တော့်နာမည် Wang Yibo ပါ သူငယ်ချင်းတွေကတော့ အချေမင်းသား လို့ခေါ်တယ် အိမ်ကလူတွေကတော့ Yiboလေး လို့ခေါ်ကြပါတယ်

ကျွန်တော်က အခုမှကျောင်းပြီးခါစ အိမ်အလုပ် ဝိုင်းမကူ ရသေးဘဲ လောလောလတ်လတ်ယောင်နေတဲ့ ယောင်စိန်လေးပါ နောက်ရက်ပိုင်းလောက်ကျရင်ကျွန်တော် အိမ်အလုပ်တွေဝိုင်းကူ ရတော့မှာ...  အော်

ကျွန်တော့်အကြောင်းပြောပြနေရင်း ချီးထုပ် ဖုန်းလာနေတယ် ကိုင်လိုက်အုံးမယ်နော်... ဖုန်းကိုင်လိုက်တာနဲ့

ဟေ့ကောင် အချေကောင် မင်းဘယ်နားရောက်နေတာလဲ မြန်မြန်လာကွာ ပွဲစတော့မယ် ကျန်တဲ့သူတွေ အကုန်ရောက်ပြီ မင်းဘဲကျန်တော့တယ် ငနာလေးရေ

မင်းကလည်းကွာ ဖုန်းကကားမောင်းနေတုန်းမို့လို့ ကိုင်ရတာခက်လို့ပါကွာ ငါရောက်တော့မယ် နောက် ၁၀မိနစ် နေရင် မင်းတို့ရောက်နေတာကြာပြီလား

မကြာသေးဘူး မင်းကိုစောင့်နေတာ အထဲမဝင်ရသေးဘူး အိမ်အပေါက်ဝမှာဘဲရှိသေးတယ်ကွာ မြန်မြန်လာငါတို့အိမ်အဝမှာစောင့် နေမယ် ပြီးတော့မင်းကို surprise တိုက်အုံးမှာ

အေးပါကွာ Surprise တင်မဟုတ်ဘူး ကိုလာပါတိုက်ကွာ ဒါပဲဟေ့ကောင် ကားမောင်းနေတယ်

ကျွန်တော်ကိုအချစ်ဆုံးသူငယ်ချင်း Yubin ဆက်တာ နဲ့အမြန်မောင်းရပေးတော့သည် နောက်မို့ဆို ဒီထက်အပြောခံရမှာ ကျွန်တော်လည်း မောင်းလာရင်း မွေးနေ့ ပွဲရှိရာသို့ရောက်လာခဲ့တယ် ကားကို ခြံပြင်မှာ ဘဲရပ်ခဲ့လိုက်တယ်

ကျွန်တော်ဝင်လာတာမြင်တော့ ငဘင်း တစ်ယောက်လက်လှမ်းပြတယ် ကျွန်တော်အနားရောက်မှ မိန်းကလေး တစ်ယောက်ပါထပ်တွေ့လိုက်တယ်

ဟေ့ကောင် အချေကောင် ငါ Yi Aww ကိုပါခေါ်ထားတယ်ဘယ်လိုလည်း surprise ဖြစ်သွားတယ်မှတ်လား

"မင်းကလည်းကွာ Dinner ဘဲဘယ်သူလာလာရပါတယ် အဓိက ကမွေးနေ့ရှင်ကိုယ်တိုင်ဖိတ်တာဆို ပြီးတာဘဲ

Love Is Accident (Completed)Where stories live. Discover now