Part-3 (Unicode)

3.4K 180 0
                                    

Zhan ရေ ရုံးသွားဖို့နောက်ကျတော့မယ် မင်းအခုထိရေချိုးတာမပြီးသေးဘူးလား

Bro Wang Yal ပါ ကျွန်တော်ကသူ့ကို Bro Wang မဟုတ်ရင် အစ်ကို လို့ခေါ်တယ်လေ ကျွန်တော်ဒုက္ခရောက်ပြီး အိမ်မရှိ အလုပ်မရှိတဲ့အချိန်မှာ လမ်းမှာအစ်ကိုကို့ လူတစ်စုဝိုင်းထိုးနေတာကို ကျွန်တော်ကပတ်ဝန်းကျင်ကို အကူညီ တောင်းပြီး ဆေးရုံးလိုက်ပို့ပြီးကယ်တင်ခဲ့တဲ့ Hero ကြီးပေါ့

အဲ့ဒါကို အစ်ကိုက ကျွန်တော့်ကို အသက်သခင် ကျေးဇူးရှင် ဆိုပြီး အခုအခြေနေထိရောက်အောင် ကူညီခဲ့တာဘဲ အခုလည်းကျွန်တော့်ကို အော်နေပြီ သူပြောတာကို ပြန်မပြောမချင်း အပြင်ကအသားကုန်အော် တော့တာဘဲ.

ဟုတ် အစ်ကို ပြီးတော့မယ်၁၀မိနစ်တွင်း ပြင်ဆင်ပြီးထွက်လာခဲ့မယ်ဗျို့

Wang Yal POV:

ကျွန်တော်အခုအော်ခေါ်လိုက်တဲ့ကောင်လေးက ကျွန်တော့်ကျေးဇူးရှင်လေးပါ

သူပေးတဲ့အသက်ကြောင့် ကျွန်တော်အခုထိ ရှင်သန်ခဲ့ရတာပါ Zhan နဲ့ကျွန်တော့်အဖြစ်ကဒီလိုပါ.

ကျွန်တော်ကိုလုပ်ငန်းတူ အချို့မနာလိုသူတစ်စုက ဝိုင်းရိုက်ကြတုန်း သူက အနားလာပြီး အားလုံးကို အော်ခေါ်အကူညီတောင်းပြီး ဆေးခန်းအချိန်မှီလိုက်ပို့ခဲ့လို့ အခုကျွန်တော်အသက်ရှင် နေရတာပါ.

ကျွန်တော်ဆေးရုံရောက်တော့ တချိန်လုံးဘေးမှာရှိပြီးကူညီခဲ့တာ ကျွန်တော်မိဘတွေက နိုင်ငံခြားမှာ နေတာလေ လာကြည့်ပေးမယ့်သူကမရှိဘူး ဒါပေမဲ့ ကျွန်တော်သတိရတော့သူက ကျွန်တော်ကို စိတ်ချရပြီ လို့ပြောပြီး ကျွန်တော်အနားကထွက်သွားတဲ့သူ့ကိုတားခဲ့ပြီး အခုကျွန်တော်အိမ်မှာနေစေ ပြီးတော့ ကျွန်တော့် အလုပ် မှာအလုပ်ဝင်ပေးပါလားဆိုပြီးပြောခဲ့တယ်

သူကမလိုပါဘူး အဲ့လိုလိုချင်လို့ကူညီခဲ့တာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ တာ ကျွန်တော်က ကျေးဇူးဆပ်တယ်လို့ သဘောထားပြီး ကူညီပေးပါလို့ ပြောတော့မှ လက်ခံခဲ့တာ

အခုတော့အရမ်းရင်းနှီးပြီး ခင်မင်နေပြီလေ သူကကျွန်တော့်ကိုအစ်ကိုလို ချစ်တယ်.

Love Is Accident (Completed)Where stories live. Discover now